Language :
၂၀၂၃ ခုနှစ်၊ (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို (၁၇-၃-၂၀၂၃)ရက်နေ့ နံနက် (၀၉၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။ အခမ်းအနားသို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးမောင်ကို၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာများမှတာဝန် ရှိသူများ၊ မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ၊ ပြည်တွင်း၊ ပြည်ပမှ ကျောက်မျက်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြ သူများသည် မြန်မာ့ပုလဲများထုတ်လုပ်မှုနှင့် ရောင်းချနိုင်မှု၊ ကျောက်မျက်ရတနာပစ္စည်းများထုတ်လုပ်မှုနှင့် ၂၀၂၃ ခုနှစ်၊ (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အခမ်းအနားကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းအား ကြည့်ရှုကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက် လာကြသူများသည် ၂၀၂၃ ခုနှစ်၊ (၅၈)ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ၌ ရောင်းချရန် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ပြသထားသော ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ပုလဲအတွဲများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။ ထိုနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲဝင်များသည် ပုဂ္ဂလိက ကျောက်မျက်ရတနာ အချောထည်အရောင်းပြခန်းများ ဖွင့်လှစ်ရောင်းချနေမှုကို လိုက်လံကြည့်ရှုအားပေးပြီး ခန်းမအပြင်ဘက်တွင် ခင်းကျင်းပြသထားသည့် လုံးခင်း/ဖားကန့် ရတနာနယ်မြေ၊ မက်လင်ချောင် အကျိုးတူ (၂)မှ ထွက်ရှိသည့် ၃၅ တန်ရှိကျောက်စိမ်းတုံးကြီးနှင့် ကျောက်စိမ်းရိုင်းအတွဲများကို လိုက်လံ ကြည့်ရှု စစ်ဆေးသည်။ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှုများ ရရှိနိုင် စေရန်အတွက် တူးဖော်ထုတ်လုပ်ထားသည့်ကျောက်မျက်ရတနာများကို ရောင်းချနိုင်မည့် မြန်မာ့ ကျောက်မျက် ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှ စတင်၍ ကျင်းပခဲ့ကြောင်း၊ ယခုပြပွဲတွင် ပုလဲအတွဲပေါင်း ၂၉၅ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ တိုကို ပြည်တွင်းပြည်ပ ရတနာ ကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် စည်းမျည်းစည်းကမ်း သတ်မှတ်ချက် များနှင့်အညီ ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ပုလဲအတွဲများရောင်းချရာတွင် ကြမ်းခင်းဈေးကို အမေရိကန်ဒေါ်လာဖြင့် သတ်မှတ်ထားပြီး သတ်မှတ်ထားရှိပြီး ပြည်ပရတနာကုန်သည်များက အမေရိကန် ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတိုဖြင့်လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များက ဈေးကွက်ပေါက်ဈေးနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့်လည်းကောင်းပေးချေသွားရမည်ဖြစ်ကြောင်း၊ ကျောက်မျက်၊ ကျောက်စိမ်းအတွဲများအတွက် ကြမ်းခင်းဈေးကိုယူရိုငွေဖြင့် သတ်မှတ်ထားရှိပြီး ပြည်ပ ရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတိုဖြင့်လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များက ယူရိုငွေနှင့်ညီမျှသော မြန်မာ ကျပ်ငွေဖြင့်လည်းကောင်း ပေးချေသွားရမည်ဖြစ်ကြောင်း၊ နိုင်ငံခြားငွေဖြင့်သာပေးချေရမည့် ကျောက်စိမ်း အတွဲများအတွက် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေ တိုဖြင့်လည်းကောင်း၊ နိုင်ငံ ခြားငွေ (သိုမဟုတ်)မြန်မာကျပ်ငွေဖြင့်ပေးချေရမည့် ကျောက်စိမ်းအတွဲများအတွက် ပြည်တွင်းရတနာကုန်သည်များအနေဖြင့် ယူရိုငွေနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့် လည်းကောင်း၊ ပြည်ပ ရတနာကုန်သည်များအနေဖြင့် ယူရို(သိုမဟုတ်)ယူရိုငွေနှင့် ညီမျှသော အမေရိကန်ဒေါ်လာ (သိုမဟုတ်) ယွမ်ငွေ(သိုမဟုတ်) ထိုင်းဘတ်ငွေတိုဖြင့်လည်းကောင်း‌ ပေးချေရမည်ဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပ ရတနာ ကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် စည်းမျည်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ရောင်းချ ပေးသွား မည်ဖြစ်ကြောင်း၊ ယခုကျင်းပပြုလုပ်သည့် (၅၈)ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို မတ် ၁၇ ရက်မှ ၂၃ ရက်အထိ ခင်းကျင်းပြသရောင်းချပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ Source : Ministry of Natural Resources and Environmental Conservation
Read More...(၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ၂၀၂၃ခုနှစ်၊ မတ်လ (၁၇)မှ (၂၃)ရက်အထိ နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရန်လျာထားပါကြောင်း ကျောက်မျက်ရတနာလုပ်ငန်းရှင်များသို့ အသိပေးအကြောင်းကြားအပ်ပါသည်။- မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း- မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ
Read More...၂၀၂၂ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပိတ်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။ယနေ့ပြပွဲတွင် ရောင်းချသည့် ကျောက်စိမ်းအတွဲအမှတ် (၁၅၀၁) မှ အတွဲအမှတ် (၂၁၅၀) အတွက် တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးရာ ကျောက်စိမ်းအတွဲပေါင်း (၅၁၉) တွဲ ရောင်းချရကြောင်း ကြေညာသည်။နှစ်လယ်မြန်မာ့ကျေက်မျက်ရတနာပြပွဲတွင် ပြည်တွင်း၊ ပြည်ပရတနာကုန်သည် ၂၉၆၀ ဦးအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုလဲအတွဲပေါင်း ၄၀၀ ကို အောက်တိုဘာ ၂၀ ရက်မှ ၂၁ ရက်အထိ ရောင်းချပေးခဲ့ရာ ပုလဲအတွဲပေါင်း ၃၆၂ တွဲကိုလည်းကောင်း၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ ကို အောက်တိုဘာ ၂၂ ရက်တွင် ရောင်းချပေးခဲ့ရာ ကျောက်မျက်အတွဲပေါင်း ၅၅ တွဲကို လည်းကောင်း၊ ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ ကို အောက်တိုဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲ (၁၈၃၆) တွဲကိုလည်းကောင်း ရောင်းချပေးနိုင်ခဲ့သည်။ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက ပြပွဲတွင်ဝယ်ယူခွင့်ရရှိခဲ့သော ကျောက်အတွဲများအတွက် တန်ဖိုးငွေများကို အရောင်းအဝယ်စာချုပ်တွင် သတ်မှတ်ထားသည့် ရက်ပေါင်း (၆၀) အတွင်း ပေသွင်းရမည်ဖြစ်ကြောင်း သိရသည်။ယခုကဲ့သို့ ပြပွဲများကျင်းပကာ မြန်မာ့ကျောက်မျက်ရတနာများကို ရောင်းချခြင်းဖြင့် ကျောက်မျက်ရတနာ ရောင်းဝယ်သူများအတွက် ငွေကြေးလည်ပတ်ခြင်း၊ ကျောက်မျက်ရတနာအချောထည် လုပ်ကိုင်သူများအတွက် ကုန်ကြမ်းရရှိခြင်းနှင့် ကျောက်မျက်ကဏ္ဍမှ လုပ်သားများအတွက် အလုပ်အကိုင်များအဆင်ပြေခြင်း စသည့် အခွင့်အလမ်း များလည်း ရရှိမည်ဖြစ်ကြောင်း သိရသည်။#Source: Ministry of Natural Resources and Environmental Conservation
Read More...၂၀၂၂ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့ကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမ အပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများနှင့် ကျောက်စိမ်းအရိုင်းတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုကြသည်။ယနေ့ပြပွဲတွင် ရောင်းချမည့် ကျောက်စိမ်းအတွဲအမှတ် ၇၅၁ မှ အတွဲအမှတ် ၁၅၀၀ အထိ ကျောက်စိမ်းအတွဲများကို ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်း တင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်း ကြသည်။ထို့နောက် ကျောက်စိမ်းအတွဲအမှတ် ၇၅၁ မှ အတွဲအမှတ် ၁၅၀၀ အထိ တင်သွင်းထားသော ဈေးနှုန်း တင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ကျောက်စိမ်းအတွဲပေါင်း ၆၅၂ တွဲရောင်းချရကြောင်း ကြေညာသည်။ပြပွဲနောက်ဆုံးနေ့တွင် ကျန်ရှိနေသည့် ကျောက်စိမ်းအတွဲအမှတ် (၁၅၀၁)မှ အတွဲအမှတ် (၂၁၀၀) ကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များအား ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ပြပွဲတွင် ပုလဲအတွဲပေါင်း ၄၀၀ အနက်မှ အတွဲပေါင်း ၃၆၂ တွဲ၊ ကျောက်မျက်အတွဲ ၁၂၀ အနက်မှ အတွဲပေါင်း ၅၅ တွဲနှင့် ကျောက်စိမ်းအတွဲပေါင်း ၇၅၀ အနက်မှ ၆၆၅ တွဲ ရောင်းချခဲ့ရပြီး ကျန်ရှိနေသည့် ကျောက်စိမ်းအတွဲများကိုလည်း အောက်တိုဘာ ၂၅ ရက်နေ့တွင် ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်သည်။ယနေ့ရောင်းချသည့် ကျောက်စိမ်းအတွဲများအတွက် ကြမ်းခင်းဈေးကို ယူရိုငွေဖြင့် သတ်မှတ်ထားရှိပြီး ပြည်ပ ရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့် လည်းကောင်း၊ ပြည်တွင်း ရတနာကုန်သည်များက ကျပ်ငွေဖြင့် လည်းကောင်း ပေးချေသွားရမည်ဖြစ်ကြောင်း သိရသည်။#Source: Ministry of Natural Resources and Environmental Conservation
Read More...၂၀၂၂ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့ကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပရတနာကုန် သည်များဖြင့် စည်ကားလျက်ရှိသည်။နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများနှင့် ခန်းမ အပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသ ထားသည့် ကျောက်စိမ်းအရိုင်း တွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။ ယနေ့ပြပွဲတွင် ရောင်းချမည့် ကျောက်စိမ်းအတွဲအမှတ် ၁ မှ အတွဲအမှတ် ၇၅၀ အထိ ကျောက်စိမ်းအတွဲများကို ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်း တင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်း ကြသည်။ထို့နောက် ကျောက်စိမ်းအတွဲအမှတ် ၁ မှ အတွဲအမှတ် ၇၅၀ အထိ တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ကျောက် စိမ်းအတွဲပေါင်း ၆၆၅ တွဲရောင်းချရကြောင်း ကြေညာသည်။ပြပွဲ ဆဌမနေ့တွင် ကျောက်စိမ်းအတွဲအမှတ် (၇၅၁) မှ (၁၅၀၀) ကိုအိတ်ဖွင့် တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဆက်လက်ရောင်းချပေးသွားမည်ဖြစ်သည်။ ထို့ပြင် မဏိရတနာကျောက်စိမ်းခန်းမအတွင်း၌ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အရောင်းဆိုင်များကိုလည်း ဖွင့်လှစ်ထားရှိရာ လာရောက်လေ့လာဝယ်ယူသူများဖြင့် စည်ကားလျက်ရှိသည်။မွန်းလွဲပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် ပြပွဲဗဟိုကော်မတီဝင်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်းရှိ ကျောက်စိမ်းအတွဲများ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးနေမှုကို ကြည့်ရှုအားပေးသည်။ပြပွဲတွင် ပုလဲအတွဲပေါင်း ၄၀၀ အနက်မှ အတွဲပေါင်း ၃၆၂ တွဲနှင့် ကျောက်မျက်အတွဲ ၁၂၀ အနက်မှ အတွဲပေါင်း ၅၅ တွဲရောင်းချခဲ့ရပြီး ကျန်ရှိနေသည့် ကျောက်စိမ်းအတွဲများကိုလည်း အောက်တိုဘာ ၂၄ ရက်မှ ၂၅ ရက်အထိ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်သည်။ယနေ့စတင်ရောင်းချသည့် ကျောက်စိမ်းအတွဲများအတွက် ကြမ်းခင်းဈေးကို ယူရိုငွေဖြင့် သတ်မှတ်ထားရှိပြီး ပြည်ပရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့်လည်းကောင်း၊ ပြည်တွင်း ရတနာကုန်သည်များက ကျပ်ငွေဖြင့် လည်းကောင်း ပေးချေသွားရမည်ဖြစ်သည်။ကမ္ဘာပေါ်တွင် ရှားပါးအဖိုးထိုက်တန်သော မြန်မာ့ကျောက်မျက်ရတနာ တွင်းထွက် သယံဇာတများကို ရောင်းချခြင်းဖြင့် ရှာဖွေဖြည့်ဆည်းပေးနိုင်ခဲ့သော နိုင်ငံခြားငွေများသည် နိုင်ငံတော်၏ ကဏ္ဍမျိုးစုံတည်ဆောက်မှုအတွက် များစွာ ထောက်အကူပြုသလို နိုင်ငံသားများ အတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖန်တီးပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။#Source: Ministry of Natural Resources and Environmental Conservation
Read More...၂၀၂၂ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများ၊ ကျောက်မျက် အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာ များအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်း အရိုင်းတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။ယနေ့ပြပွဲတွင်ရောင်းချမည့် ကျောက်မျက်အတွဲအမှတ် ၁ မှ အတွဲအမှတ် ၁၂၀ အထိ ကျောက်မျက် အတွဲများကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်း တင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။ထို့နောက် ကျောက်မျက်အတွဲအမှတ် ၁ မှ အတွဲအမှတ် ၁၂၀ အထိ တင်သွင်းထားသော ဈေးနှုန်း တင်သွင်းလွှာများကို တာဝန်ရှိသူများက တင်ဒါအမှတ် ၁ နှင့် တင်ဒါအမှတ် ၂ ထဲသို့ ထည့်သွင်းပြီး နံနက် ၉ နာရီတွင် ဖွင့်ဖောက်စစ်ဆေးကာ ကျောက်မျက်အတွဲပေါင်း (၅၅)တွဲ ရောင်းချရကြောင်း ကြေညာသည်။ပြပွဲပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲအမှတ် ၁ မှ အတွဲအမှတ် ၇၅၀ ကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ယခုကျင်းပပြုလုပ်သည့် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မဏိရတနာ ကျောက်စိမ်းခန်းမ၌ အောက်တိုဘာ ၁၉ ရက်မှ စတင်၍ ၂၅ ရက်အထိ ကျင်းပနေခြင်း ဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲပေါင်း ၄၀၀ အနက်မှ စုစုပေါင်း ပုလဲအတွဲပေါင်း ၃၆၂ တွဲနှင့် ကျောက်မျက်အတွဲ ၁၂၀ အနက်မှ အတွဲပေါင်း ၅၅ တွဲ ရောင်းချခဲ့ရပြီး ကျောက်စိမ်းအတွဲ ၂၁၅၀ တို့ကို၂၃ ရက်မှ ၂၅ ရက်နေ့များတွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။ထိုသို့ ရောင်းချရာ၌ ကျောက်မျက်အတွဲများနှင့်ကျောက်စိမ်းအတွဲများကို ကြမ်းခင်း ဈေး ယူရိုငွေဖြင့် သက်မှတ်ထားပြီး ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအနေဖြင့် ငွေပေးချေရာတွင် အမေရိကန် ဒေါ်လာ၊ ယူရို၊ ယွမ်၊ ဘတ် နှင့် ကျပ်ငွေများဖြင့် ပေးချေနိုင်ကြောင်း သိရသည်။#Source: Ministry of Natural Resources and Environmental Conservation
Read More...
၂၀၂၂ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။ နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအရိုင်းတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှု ကြသည်။ ယနေ့ပြပွဲတွင်ရောင်းချမည့် ပုလဲအတွဲအမှတ် ၂၀၁ မှ အတွဲအမှတ် ၄၀၀ အထိ ပုလဲအတွဲများကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်း ကြသည်။ ထို့နောက် ပုလဲအတွဲအမှတ် ၂၀၁ မှ အတွဲအမှတ် ၄၀၀ အထိ တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက တင်ဒါအမှတ် (၃) ကို မွန်းလွဲ ၁ နာရီနှင့် တင်ဒါအမှတ် (၄) ကို ညနေ ၅ နာရီတွင် ဖွင့်ဖောက်စစ်ဆေးကာ ပုလဲအတွဲပေါင်း (၁၆၈) တွဲနှင့် လက်ကျန်ပုလဲအတွဲ (၅) တွဲ စုစုပေါင်း(၁၇၃) တွဲ ရောင်းချရကြောင်း ကြေညာသည်။ ပြပွဲစတုတ္ထနေ့တွင် ကျောက်မျက်အတွဲ အမှတ် ၁ မှ အတွဲအမှတ် ၁၂၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယခုကျင်းပပြုလုပ်သည့် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မဏိရတနာကျောက်စိမ်းခန်းမ၌ အောက်တိုဘာ ၁၉ ရက်မှ စတင်၍ ၂၅ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲပေါင်း ၄၀၀ အနက်မှ စုစုပေါင်းပုလဲအတွဲပေါင်း ၃၆၂ တွဲ ရောင်းချခဲ့ရပြီး၊ ကျောက်မျက်အတွဲ ၁၂၀ နှင့် ကျောက်စိမ်းအတွဲ ၂၁၅၀ တို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ရောင်းချရာ၌ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအနေဖြင့် ငွေပေးချေရာတွင် အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်၊ ဘတ် နှင့် ကျပ်ငွေများဖြင့် ပေးချေနိုင်ကြောင်း သိရသည်။ #Source: Ministry of Natural Resources and Environmental Conservation
Read More...
၂၀၂၂ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။ နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်း ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်းအတွဲများ၊ ကျောက်မျက် အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသ ထားသည့် ကျောက်စိမ်း အရိုင်းတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။ ယနေ့ပြပွဲတွင်ရောင်းချမည့် ပုလဲအတွဲအမှတ် ၁ မှ အတွဲအမှတ် ၂၀၀ အထိ ပုလဲအတွဲများကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများ အတွင်းသို့ ထည့်သွင်းကြသည်။ ထို့နောက် ပြပွဲတွင် ရောင်းချသည့် ပုလဲအတွဲပေါင်း ၄၀၀ အနက်မှ ပုလဲအတွဲအမှတ် ၁ မှ အတွဲအမှတ် ၂၀၀ အထိ တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက တင်ဒါအမှတ် (၁) ကို မွန်းလွဲ ၁ နာရီနှင့် တင်ဒါအမှတ် (၂) ကို ညနေ ၅ နာရီတွင် ဖွင့်ဖောက်စစ်ဆေးကာ ပုလဲအတွဲပေါင်း (၁၈၉) တွဲ ရောင်းချရကြောင်း ကြေညာသည်။ ပြပွဲတတိယနေ့တွင် ပုလဲအတွဲပေါင်း ၄၀၀ အနက်မှ ကျန်ရှိသည့် ပုလဲအတွဲအမှတ် ၂၀၁ မှ အတွဲအမှတ် ၄၀၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဆက်လက် ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ရှိ ကျောက်မျက်နှင့်လက်ဝတ်ရတနာ သက်မွေးမှု နည်းပညာသင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူများက မဏိရတနာ ကျောက်စိမ်း ခန်းမအတွင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာအရောင်းဆိုင်များနှင့် ခန်းမအပြင်ဘက်ရှိ သတ်မှတ်နယ်မြေ အလိုက်ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအရိုင်းတွဲများကို လာရောက်လေ့လာကြည့်ရှုကြရာ ပြပွဲတာဝန်ရှိသူများက လိုက်လံရှင်းလင်းပြကြသည်။ ယခုကျင်းပပြုလုပ်သည့် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မဏိရတနာ ကျောက်စိမ်းခန်းမ၌ အောက်တိုဘာ ၁၉ ရက်မှ စတင်၍ ၂၅ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲ ၄၀၀ ၊ ကျောက်မျက်အတွဲ ၁၂၀ နှင့် ကျောက်စိမ်းအတွဲ ၂၁၅၀ တို့ကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို ရောင်းချပေးသွားမည်ဖြစ်သည်။ #Source: Ministry of Natural Resources and Environmental Conservation
Read More...
၂၀၂၂ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဦးစိုင်းလုံးဆိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံရုံးမှ တာဝန်ရှိသူများနှင့် ရုရှားစီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျောက်မျက် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ရတနာပစ္စည်းများ ထုတ်လုပ်မှု အဆင့်ဆင့်နှင့် ၂၀၂၂ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ အခမ်းအနား ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းအား ကြည့်ရှုကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ၂၀၂၂ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက် မျက်ရတနာပြပွဲ၌ ရောင်းချရန် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ပြသထားသော ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ပုလဲအတွဲများ၊ ခန်းမအပြင်ဘက်တွင် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းရိုင်း အတွဲများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက ရှင်းလင်းတင်ပြမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန်မှာကြားသည်။ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေး အကျိုးဖြစ်ထွန်းမှုများ ရရှိနိုင်စေရန်အတွက် တူးဖော်ထုတ်လုပ်ထားသည့်ကျောက်မျက် ရတနာများကို ရောင်းချနိုင်မည့် မြန်မာ့ကျောက်မျက် ရတနာ ပြပွဲများကို ၁၉၆၄ ခုနှစ်မှ စတင်၍ အောင်မြင်စွာကျင်းပခဲ့ကြောင်း၊ ယခုပြပွဲတွင် ပုလဲအတွဲများအတွက် ကြမ်းခင်းဈေးကို အမေရိကန်ဒေါ်လာဖြင့် သတ်မှတ်ထားရှိပြီး ငွေပေးချေမှုကို ပြည်ပရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့် လည်းကောင်း၊ ပြည်တွင်းရတနာ ကုန်သည်များက ကျပ်ငွေဖြင့်လည်းကောင်း ပေးချေရမည်ဖြစ်ကြောင်း၊ ကျောက်မျက်၊ ကျောက်စိမ်းအတွဲများအတွက် ကြမ်းခင်းဈေးကို ယူရိုငွေဖြင့် သတ်မှတ်ထားရှိပြီး ပြည်ပရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့် လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များက ကျပ်ငွေဖြင့် လည်းကောင်း ပေးချေသွားရမည် ဖြစ်ကြောင်း၊ ပုလဲအတွဲများအတွက် အနိမ့်ဆုံးအခြေခံဈေးမှာ အမေရိကန်ဒေါ်လာ ၁၀၀၀ ဖြစ်ပြီး ကျောက်မျက်အတွဲများ အတွက် အနိမ့်ဆုံးအခြေခံဈေးမှာ ယူရို ၅၀၀ ဖြစ်ကြောင်း၊ ကျောက်စိမ်းအချောထည် အတွဲများအတွက် အနိမ့်ဆုံးအခြေခံဈေးမှာ ယူရို ၁၀၀၀ နှင့် ကျောက်စိမ်းအရိုင်းအတွဲ များအတွက်အနိမ့်ဆုံးအခြေခံဈေးမှာ ယူရိုငွေ ၅၀၀၀ ဖြစ်ကြောင်း။ ယနေ့ပြုလုပ်သည့် ၂၀၂၂ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တိုဘာ ၁၉ ရက်မှ ၂၅ ရက်အထိ ခင်းကျင်းပြသရောင်းချပေးသွားမည်ဖြစ် ကြောင်း၊ ပြပွဲတွင် ပုလဲအတွဲပေါင်း ၄၀၀၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ တို့ကို ပြည်တွင်း ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် စည်းမျည်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ မဏိရတနာကျောက်စိမ်းခန်းမအတွင်း ပုဂ္ဂလိကကျောက်မျက် ရတနာ အချောထည် အရောင်းပြခန်းများလည်း ဖွင့်လှစ်ရောင်းချပေး လျက်ရှိကြောင်း သတင်းရရှိသည်။ Ministry of Natural Resources and Environmental Conservation
Read More...