announcement

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (၂၀၂၂-၂ဝ၂၅)ခုနှစ်၊ ဆဋ္ဌမသက်တမ်းအလုပ်အမှုဆောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲကျင်းပမည့်နေ့ရက်ဆိုင်းငံ့ကြောင်း အသိပေးကြေညာချက်

Language :

  • Home
  • About Us
  • News
  • Announcements
  • Contact Us

သတင်းများ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၂ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

၂၀၂၂ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။   အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဦးစိုင်းလုံးဆိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံရုံးမှ တာဝန်ရှိသူများနှင့် ရုရှားစီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျောက်မျက် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။   ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ရတနာပစ္စည်းများ ထုတ်လုပ်မှု အဆင့်ဆင့်နှင့် ၂၀၂၂ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ အခမ်းအနား ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းအား ကြည့်ရှုကြသည်။   ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ၂၀၂၂ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက် မျက်ရတနာပြပွဲ၌ ရောင်းချရန် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ပြသထားသော ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ပုလဲအတွဲများ၊ ခန်းမအပြင်ဘက်တွင် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းရိုင်း အတွဲများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက ရှင်းလင်းတင်ပြမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန်မှာကြားသည်။   နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေး အကျိုးဖြစ်ထွန်းမှုများ ရရှိနိုင်စေရန်အတွက် တူးဖော်ထုတ်လုပ်ထားသည့်ကျောက်မျက် ရတနာများကို ရောင်းချနိုင်မည့် မြန်မာ့ကျောက်မျက် ရတနာ ပြပွဲများကို ၁၉၆၄ ခုနှစ်မှ စတင်၍ အောင်မြင်စွာကျင်းပခဲ့ကြောင်း၊ ယခုပြပွဲတွင် ပုလဲအတွဲများအတွက် ကြမ်းခင်းဈေးကို အမေရိကန်ဒေါ်လာဖြင့် သတ်မှတ်ထားရှိပြီး ငွေပေးချေမှုကို ပြည်ပရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့် လည်းကောင်း၊ ပြည်တွင်းရတနာ ကုန်သည်များက ကျပ်ငွေဖြင့်လည်းကောင်း ပေးချေရမည်ဖြစ်ကြောင်း၊ ကျောက်မျက်၊ ကျောက်စိမ်းအတွဲများအတွက် ကြမ်းခင်းဈေးကို ယူရိုငွေဖြင့် သတ်မှတ်ထားရှိပြီး ပြည်ပရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့် လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များက ကျပ်ငွေဖြင့် လည်းကောင်း ပေးချေသွားရမည် ဖြစ်ကြောင်း၊ ပုလဲအတွဲများအတွက် အနိမ့်ဆုံးအခြေခံဈေးမှာ အမေရိကန်ဒေါ်လာ ၁၀၀၀ ဖြစ်ပြီး ကျောက်မျက်အတွဲများ အတွက် အနိမ့်ဆုံးအခြေခံဈေးမှာ ယူရို ၅၀၀ ဖြစ်ကြောင်း၊ ကျောက်စိမ်းအချောထည် အတွဲများအတွက် အနိမ့်ဆုံးအခြေခံဈေးမှာ ယူရို ၁၀၀၀ နှင့် ကျောက်စိမ်းအရိုင်းအတွဲ များအတွက်အနိမ့်ဆုံးအခြေခံဈေးမှာ ယူရိုငွေ ၅၀၀၀ ဖြစ်ကြောင်း။ ယနေ့ပြုလုပ်သည့် ၂၀၂၂ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တိုဘာ ၁၉ ရက်မှ ၂၅ ရက်အထိ ခင်းကျင်းပြသရောင်းချပေးသွားမည်ဖြစ် ကြောင်း၊ ပြပွဲတွင် ပုလဲအတွဲပေါင်း ၄၀၀၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ တို့ကို ပြည်တွင်း ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် စည်းမျည်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ မဏိရတနာကျောက်စိမ်းခန်းမအတွင်း ပုဂ္ဂလိကကျောက်မျက် ရတနာ အချောထည် အရောင်းပြခန်းများလည်း ဖွင့်လှစ်ရောင်းချပေး လျက်ရှိကြောင်း သတင်းရရှိသည်။   Ministry of Natural Resources and Environmental Conservation

Read More...

ကျောက်စိမ်းဥယျာဉ်(နေပြည်တော်) ဖွင့်လှစ်ခြင်း

ကျောက်စိမ်းဥယျာဉ်(နေပြည်တော်)ကို အများပြည်သူများ အပန်းဖြေ လေ့လာနိုင်ရန် (၂.၈.၂၀၂၂)ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်၍ လူကြီးတစ်ဦးလျှင်(၂၀၀၀)ကျပ်၊ ကလေးတစ်ဦးလျှင်(၁၀၀၀)ကျပ်၊ နိုင်ငံခြားသားတစ်ဦးလျှင်(၇၀၀၀)ကျပ်နှုန်းဖြင့် ဝင်ကြေးပေးသွင်းကာ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း 

Read More...

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာကျင်းပပြီးစီး ပုလဲအတွဲ ၃၃၀ ကျောက်မျက်အတွဲ ၅၄ တွဲ နှင့် ကျောက်စိမ်းအတွဲ ၁၃၃၅ တွဲ ရောင်းချနိုင်ခဲ့

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး၊ ကုသရေး၊ အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျင်းပခဲ့ရာ ယနေ့ မွန်းလွဲပိုင်း တွင် ကျင်းပပြီးစီးခဲ့ပြီး ပြပွဲကာလအတွင်း ပုလဲအတွဲ ၃၃၀ ကျောက်မျက်အတွဲ ၅၄ တွဲ နှင့်ကျောက်စိမ်းအတွဲ ၁၃၃၅ တွဲ ရောင်းချနိုင်ခဲ့ကြောင်း မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီထံမှ သိရသည်။ပြပွဲများအဖြစ်  ဧပြီလ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့တို့တွင် ပုလဲအတွဲ ၃၃၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ တင်ပြသည့် ပုလဲအတွဲအားလုံး ရောင်းချရသဖြင့် ရာခိုင်နှုန်းပြည့် ရောင်းချခဲ့ရသည်။ အလားတူ ဧပြီလ ၂၅ ရက်နေ့တွင် ကျောက်မျက် အတွဲ ၁၂၀ အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ကျောက်မျက်အတွဲ ၅၄ တွဲ ရောင်းချရသဖြင့် ရောင်းချရမှုအနေဖြင့် ၄၈ ရာခိုင်နှုန်း ရောင်းချရကြောင်း သိရသည်။ ထို့အတူ ကျောက်စိမ်းအတွဲ ၂၀၀၀ အား ဧပြီလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ၁၃၃၅ ရောင်းချရသဖြင့် ရောင်းချမှုအနေဖြင့် ၆၆ ဒသမ ၇၅ ရာခိုင်နှုန်း ရောင်းချရကြောင်း သိရသည်။ပြပွဲသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရတနာကုန်သည် ၁၁၈ ဦး၊ အိန္ဒိယနိုင်ငံမှ ရတနာကုန်သည် ၂ ဦး၊ ကိုရီးယားနိုင်ငံမှ ရတနာကုန်သည် ၁ ဦး၊ သြစတြေးလျနိုင်ငံမှ ရတနာကုန်သည် ၁ ဦး အပါအဝင် ပြည်ပရတနာကုန်သည် ၁၂၂ ဦး၊ ပြည်တွင်း ရတနာကုန်သည် ၁၄၂၄ ဦး စုစုပေါင်း ရတနာကုန်သည် ၁၅၄၆ ဦးတို့ တက်ရောက်ခဲ့ ကြောင်း သိရသည်။ယခုပြပွဲတွင် ကျောက်မျက်၊ ကျောက်စိမ်းအတွဲများ ဝယ်ယူခဲ့သည့် ပြည်တွင်း/ ပြည်ပရတနာကုန်သည်များအနေဖြင့် မိမိတို့ ဝယ်ယူခွင့်ရရှိသော ကျောက်အတွဲများ အတွက် တန်ဖိုးငွေများကို အရောင်းအဝယ်စာချုပ်တွင် သတ်မှတ်ထားသော ရက်ပေါင်း ၆၀ အတွင်း ပေးသွင်းရမည်ဖြစ်သောကြောင့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၉ ရက်မှ ဇွန်လ ၂၇ ရက် အတွင်း ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ယခုကဲ့သို့ ပြပွဲများကျင်းပကာ မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို ရောင်းချ ခြင်းဖြင့် ကျောက်မျက်ရတနာရောင်းဝယ်သူများအတွက် ငွေကြေးလည်ပတ်မှုရှိခြင်း၊ ကျောက်မျက်/ ကျောက်စိမ်းရတနာ အချောထည်လုပ်ငန်း လုပ်ကိုင်သူများအတွက် ကုန်ကြမ်းများ ရရှိခြင်းနှင့် ကျောက်မျက်/ ကျောက်စိမ်းကဏ္ဍမှ လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိမည်ဖြစ်သည့်အပြင် နိုင်ငံတော်အတွက် နိုင်ငံခြားငွေရရှိခြင်း၊ အခြားအခွန်အခများလည်း ရရှိမည်ဖြစ်သောကြောင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသည့် ပြပွဲဖြစ်ပါကြောင်း သိရှိရပါသည်။Source : Ministry of Natural Resources and Environmental Conservation

Read More...

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၄၅၇ တွဲ ရောင်းချနိုင်ခဲ့

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့ကို ယနေ့တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။   နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည်  မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများနှင့် ခန်းမ အပြင်ဘက် သတ်မှတ်နေရာများအလိုက်  ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲ များကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။   ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲအမှတ် (၇၀၁) မှ (၁၄၀၀) အထိ အတွဲပေါင်း ၇၀၀ အား ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ၄၅၇ တွဲ ရောင်းချနိုင်ခဲ့ကြောင်း ကြေညာ သည်။   ထို့နောက်ပြပွဲသတ္တမနေ့တွင် ရောင်းချမည့် ကျောက်စိမ်းအတွဲအမှတ် (၁၄၀၁) မှ (၂၀၀၀)အထိ ကျောက်စိမ်းအတွဲများကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။   ယင်းနောက် ကျောက်စိမ်းအတွဲအမှတ် (၁၄၀၁) မှ (၂၀၀၀) အထိ တင်သွင်းထား သည့် ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက မွန်းလွဲ ၃ နာရီတွင် ပိတ်သိမ်း ပြီး တင်ဒါပုံးများကို ဖွင့်ဖောက်စစ်ဆေးကာ ဧပြီ ၂၈ ရက် နံနက် ၈ နာရီတွင် ရောင်းချရ သည့် ကျောက်စိမ်းအတွဲများအား‌ ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။   ယခင်ရက်ပြပွဲများတွင် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ပုလဲအတွဲပေါင်း ၃၃၀ ကို ဧပြီ ၂၃ ရက်မှ ၂၄ ရက်အထိ ရောင်းချပေးခဲ့ရာ ပုလဲအတွဲပေါင်း ၃၃၀ ကို လည်းကောင်း၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ ကို ဧပြီ ၂၅ ရက်တွင် ရောင်းချပေးခဲ့ရာ ကျောက်မျက်အတွဲပေါင်း ၅၄ တွဲကို လည်းကောင်း၊ ကျောက်စိမ်းအတွဲ ၂၀၀၀ အနက် ကျောက်စိမ်းအတွဲ ၁ မှ ၇၀၀ အထိ အတွဲပေါင်း ၇၀၀ ကို ဧပြီ ၂၆ ရက်တွင် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲ ၅၂၃ တွဲကို လည်းကောင်း ရောင်းချပေးနိုင်ခဲ့သည်။   ယခုကဲ့သို့ ပြပွဲများ ကျင်းပကာ မြန်မာ့ကျောက်မျက်ရတနာများကို ရောင်းချခြင်း ဖြင့် ကျောက်မျက်ရတနာ ရောင်းဝယ်သူများအတွက် ငွေကြေးလည်ပတ်ခြင်း၊ ကျောက်မျက်ရတနာ အချောထည်လုပ်ကိုင်သူများအတွက် ကုန်ကြမ်းရရှိခြင်းနှင့် ကျောက်မျက်ကဏ္ဍမှ လုပ်သားများအတွက် အလုပ်အကိုင်များ အဆင်ပြေခြင်းစသည့် အခွင့်အလမ်းများကိုလည်း ရရှိနိုင်မည်ဖြစ်သည်။   ထို့ပြင် ယခုကျင်းပပြုလုပ်သည့် (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲကို နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေး အကျိုးဖြစ်ထွန်းမှုများ ရရှိနိုင်စေရန်အတွက် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟို ကော်မတီ၏ စီစဉ်မှုဖြင့် ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပနေခြင်းဖြစ်ကြောင်း သိရသည်။   Source : Ministry of Natural Resources and Environmental Conservation

Read More...

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၅၂၃ တွဲ ရောင်းချရ

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့ကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည်  မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများနှင့် ခန်းမ အပြင်ဘက် သတ်မှတ်နေရာများအလိုက်  ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲ များကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲအမှတ် (၁) မှ (၇၀၀) အထိ အတွဲပေါင်း (၇၀၀) အတွက် ရတနာကုန်သည်များက တင်သွင်းထားသည့် ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက တင်ဒါဖွင့်ဖောက်စစ်ဆေးကာ ကျောက်စိမ်းအတွဲပေါင်း ၅၂၃ တွဲကို ရောင်းချရကြောင်း ကြေညာသည်။ယခင်ရက်ပြပွဲများတွင် ပုလဲအတွဲအမှတ် (၁) မှ (၃၃၀) အထိ ပုလဲအတွဲပေါင်း ၃၃၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ပုလဲအတွဲပေါင်း ၃၃၀ ကို လည်းကောင်း၊ ကျောက်မျက်အတွဲအမှတ် (၁) မှ (၁၂၀) အထိ အတွဲပေါင်း ၁၂၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်မျက်အတွဲပေါင်း ၅၄ တွဲကို လည်းကောင်း ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား ရောင်းချပေးနိုင်ခဲ့သည်။ပြပွဲဆဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲအမှတ် (၇၀၁) မှ (၁၄၀၀) အထိ နှင့်  သတ္တမနေ့တွင် ကျောက်စိမ်းအတွဲအမှတ် (၁၄၀၁) မှ (၂၀၀၀) အထိကို အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။မွန်းလွဲပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ နာယက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ နှင့် ပြပွဲဗဟိုကော်မတီဝင်များသည် မဏိရတနာကျောက်စိမ်းခန်းမ အတွင်းရှိ ကျောက်စိမ်းအတွဲများ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးနေမှုကို ကြည့်ရှု အားပေးသည်။နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေ ရရှိရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေး အကျိုးဖြစ်ထွန်းမှုများ ရရှိနိုင်စေရန်အတွက် တူးဖော်ထုတ်လုပ်ထားသည့် ကျောက်မျက် ရတနာများကို ရောင်းချနိုင်မည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှ စတင်၍ အောင်မြင်စွာကျင်းပခဲ့ရာ ယခုကျင်းပပြုလုပ်သည့် (၅၇)ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲတွင်လည်း ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအနေဖြင့် ပုလဲအတွဲများနှင့် ကျောက်စိမ်း၊ ကျောက်မျက်အတွဲများကို စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှု ဝယ်ယူလျက်ရှိကြောင်း သိရသည်။Source : Ministry of Natural Resources and Environmental Conservation

Read More...

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ဆက်လက်ကျင်းပ

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။မဏိရတနာကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်း ပြသထားသည့် ကျောက်စိမ်းအတွဲများကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။ယနေ့ပြပွဲတွင် ကျောက်မျက်အတွဲအမှတ် ၁ မှ ၁၂၀ အထိ အတွဲပေါင်း ၁၂၀ အတွက် တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက နံနက် ၉ နာရီတွင် တင်ဒါဖွင့်ဖောက်စစ်ဆေးကာ ကျောက်မျက်အတွဲပေါင်း ၅၄ တွဲကို ရောင်းချရကြောင်း ကြေညာသည်။ယမန်နေ့ပြပွဲတွင် ပုလဲအတွဲအမှတ် ၁ မှ ၃၃၀ အထိ အတွဲပေါင်း ၃၃၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ပုလဲအတွဲပေါင်း ၃၃၀ ကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များကို ရောင်းချနိုင်ခဲ့သည်။ပြပွဲပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲအမှတ် ၁ မှ ၇၀၀ အထိ အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ယခုပြပွဲတွင် ပုလဲအတွဲများကို အမေရိကန်ဒေါ်လာဖြင့် ကြမ်းခင်းဈေးသတ်မှတ် ထားရှိပြီး ငွေပေးချေရာတွင် ပြည်ပရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယွမ်ငွေ တို့ဖြင့် လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယွမ်၊ ကျပ်ငွေ တို့ဖြင့် လည်းကောင်း ပေးချေရမည်ဖြစ်ပြီး ကျောက်မျက်၊ ကျောက်စိမ်း အတွဲများကို ယူရိုငွေဖြင့် ကြမ်းခင်းဈေးသတ်မှတ်ထားရှိကာ ရတနာကုန်သည်များ သည် အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ တို့ဖြင့် ပေးချေသွားရမည်ဖြစ်သည်။ယခုကျင်းပပြုလုပ်သည့် (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ ဧပြီ ၂၂ ရက်မှ ၂၄ ရက်အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုလဲအတွဲပေါင်း ၃၃၀ နှင့် ကျောက်မျက်အတွဲ ပေါင်း ၅၄ တွဲကို ရောင်းချနိုင်ခဲ့ပြီး ကျောက်စိမ်းအတွဲ ၇၀၀ ကို ဧပြီ ၂၆ ရက်တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လည်းကောင်း၊ ကျောက်စိမ်းအတွဲပေါင်း ၂၀၀၀ ကို ဧပြီ ၂၆ ရက်မှ ၂၈ ရက်အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။Source : Ministry of Natural Resources and Environmental Conservation

Read More...

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ဆက်လက်ကျင်းပ

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ယနေ့အတွက် ပုလဲတင်ဒါ အမှတ် (၃) မှ ပုလဲအတွဲ ၁၁၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ပုလဲအတွဲ အားလုံးရောင်းချရခြင်း ဖြစ်သည်။   အလားတူ ဧပြီ ၂၃ ရက်တွင်လည်း ပုလဲတင်ဒါအမှတ် (၁) မှ ပုလဲအတွဲ ၁၁၀ တွဲနှင့် ပုလဲတင်ဒါအမှတ် (၂) မှ ပုလဲအတွဲ ၁၁၀ တို့ကိုလည်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ပုလဲအတွဲ ၂၂၀ တွဲ ရောင်းချရသဖြင့် ယခု (၅၇) ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲတွင် တင်ပြသည့် ပုလဲအတွဲ ၃၃၀ တွဲ ရောင်းချရကြောင်း သိရသည်။   ပြပွဲ တတိယနေ့ဖြစ်သည့် ယနေ့နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာ ကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက် လေ့လာကြည့်ရှုကြပြီး ရောင်းချမည့် ပုလဲအတွဲအမှတ် (၃) မှ ပုလဲအတွဲ အမှတ် (၂၂၁ မှ ၃၃၀) ကို မွန်းတည့် ၁၂ နာရီတွင် ဖွင့်ဖောက်စစ်ဆေးရောင်းချရာ တင်ပြ ထားသည့် ပုလဲအတွဲ ၁၁၀ ကို ရောင်းချရကြောင်း ကြေညာသဖြင့် တင်ပြသည့် ပုလဲ အတွဲအားလုံး ရောင်းချရကြောင်း သိရသည်။   ယခုပြပွဲတွင် ပုလဲအတွဲများကို အမေရိကန်ဒေါ်လာဖြင့် ကြမ်းခင်းဈေးသတ်မှတ် ထားရှိပြီး ငွေပေးချေရာတွင် ပြည်ပရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယွမ်၊ ကျပ်ငွေ တို့ဖြင့် ပေးချေရမည်ဖြစ်ပြီး ကျောက်မျက်၊ ကျောက်စိမ်းအတွဲများကို ယူရိုငွေ ဖြင့် ကြမ်းခင်းဈေးသတ်မှတ်ထားရှိကာ ရတနာကုန်သည်များအနေဖြင့် အမေရိကန် ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ တို့ဖြင့် ပေးချေသွားရမည်ဖြစ်ကြောင်း သိရသည်။   ယခု ကျင်းပသည့် (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပုလဲ အတွဲ ၃၃၀ ကိုတင်ပြခဲ့ရာ ပုလဲအတွဲအားလုံးကိုရောင်းချခဲ့ရကြောင်းနှင့် ပြပွဲစတုတ္ထနေ့ တွင် ဧပြီ ၂၂ ရက်မှ ၂၄ ရက်အထိ ခင်းကျင်းပြသထားသည့် ကျောက်မျက်အတွဲ ၁၂၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်သည်။   အလားတူ ကျောက်စိမ်းအတွဲ ၂၀၀၀ ကို ဧပြီ ၂၂ ရက်မှ ၂၅ ရက်အထိ ခင်းကျင်း ပြသပြီး ဧပြီ ၂၆ ရက်မှ ၂၈ ရက်အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက် ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။   Source : Ministry of Natural Resources and Environmental Conservation

Read More...

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ဆက်လက်ကျင်းပ ယနေ့တွင် ပုလဲအတွဲ ၂၂၀ ရောင်းချနိုင်ခဲ့

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။ နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်း ပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက် လေ့လာကြည့်ရှုခဲ့ကြပြီး ရတနာ ကုန်သည်များသည် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့်ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။   ၂၀၂၂ ခုနှစ် (၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တင်ပြ ရောင်းချမည့် ပုလဲအတွဲ ၃၃၀ အနက်မှ  ဧပြီ ၂၃ ရက်တွင် ပုလဲတင်ဒါအမှတ် (၁) မှ (၁၁၀) တွဲ၊ တင်ဒါအမှတ် (၂) မှ ၁၁၀ တွဲ စုစုပေါင်း ပုလဲအတွဲ ၂၂၀ တွဲကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် တင်ပြရောင်းချခဲ့ရာ ၂၂၀ တွဲကို ရောင်းချခဲ့ပြီး ဧပြီ ၂၄ ရက်တွင် ပုလဲ တင်ဒါအမှတ် (၃) မှ ပုလဲအတွဲ ၁၁၀ တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက် ရောင်းချသွားမည်ဖြစ်သည်။   ပုလဲအတွဲများကို ဧပြီ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လည်းကောင်း၊ ကျောက်မျက်အတွဲများကို ဧပြီ ၂၂ ရက်မှ ၂၄ ရက်အထိ ခင်းကျင်း ပြသပြီး ဧပြီ ၂၅ ရက်တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လည်းကောင်း၊ ကျောက်စိမ်းအတွဲ များကို ဧပြီ ၂၂ ရက်မှ ၂၅ ရက် အထိ ခင်းကျင်း ပြသပြီး ဧပြီ ၂၆ ရက်မှ ၂၈ ရက်အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။   ယခုပြပွဲတွင် ပုလဲအတွဲများကို အမေရိကန်ဒေါ်လာဖြင့် ကြမ်းခင်းဈေးသတ်မှတ် ထားရှိပြီး ငွေပေးချေရာတွင် ပြည်ပရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယွမ် ငွေတို့ဖြင့် လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယွမ်၊ ကျပ်ငွေ တို့ဖြင့် လည်းကောင်း ပေးချေရမည်ဖြစ်ပြီး ကျောက်မျက်၊ ကျောက်စိမ်းအတွဲ များကို ယူရိုငွေဖြင့် ကြမ်းခင်းဈေးသတ်မှတ်ထားရှိကာ ရတနာကုန်သည်များသည် အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေတို့ဖြင့် ပေးချေသွားရမည်ဖြစ်ကြောင်း သိရသည်။   ထို့ပြင် မဏိရတနာကျောက်စိမ်းခန်းမအတွင်း၌ ကျောက်မျက်နှင့် လက်ဝတ် ရတနာ အရောင်းဆိုင်များကိုလည်း ဖွင့်လှစ်ထားရှိရာ လာရောက်လေ့လာဝယ်ယူသူ များဖြင့် စည်ကားလျက်ရှိပြီး (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။   Source : Ministry of Natural Resources and Environmental Conservation

Read More...

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ချီးမြှင့်သည်။အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ မန်းငြိမ်းမောင်၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်း အနား တက်ရောက်လာကြသူများသည် ရတနာပစ္စည်းများ ထုတ်လုပ်မှုအဆင့်ဆင့်နှင့် (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အခမ်းအနားကျင်းပနိုင်ရေး ပြင်ဆင် ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းအား ကြည့်ရှုကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပုလဲနှင့်ကျောက်မျက်ရတနာများ ရောင်းချရာတွင် နိုင်ငံခြားငွေများ ဖြစ်သည့် အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ် တို့အပြင် နောင်ပြပွဲများတွင် ဟောင်ကောင် ဒေါ်လာနှင့် ထိုင်းဘတ်ငွေ တို့ဖြင့်ပါ ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် တာဝန်ရှိသူ များကို မှာကြားသည်။ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲ၌ ရောင်းချရန် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ပြသထားသော ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ပုလဲအတွဲများကို လည်းကောင်း၊ ခန်းမအပြင်ဘက်တွင် ခင်းကျင်း ပြသထားသည့် ကျောက်စိမ်းအရိုင်းအတွဲများနှင့် ယခုပြပွဲတွင် ပြသထားသည့် (၃၅) တန်ရှိ အကြီးဆုံး ကျောက်စိမ်းတုံးကြီးကို လည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူ များက ရှင်းလင်းတင်ပြကြသည်။အဆိုပါ အကြီးဆုံးကျောက်စိမ်းတုံးကြီးမှာ လုံးခင်း၊ ဖားကန့် ရတနာနယ်မြေ မက်လင်ချောင်မှော်၊ နိုင်ငံတော်နှင့် အကျိုးတူလုပ်ကွက်(၂)မှ တူးဖော်ရရှိသည့် (၃၀၈)တန် ခန့်ရှိ ကျောက်စိမ်းတုံးကြီးဖြစ်ကြောင်း၊ အရည်အသွေးကောင်းမွန်သည့် အသားကျောက် အမျိုးအစားဖြစ်ပြီး အခြေခံဈေးနှုန်းအနေဖြင့် ယူရိုငွေ(၅)သန်းကျော် ခန့်မှန်းတွက်ချက်ရရှိ ထားကြောင်း သိရှိရသည်။ယနေ့ပြုလုပ်သည့် (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကို ၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၂)ရက်နေ့မှ (၂၈) ရက်နေ့အထိ ခင်းကျင်းပြသ ရောင်းချပေးသွားမည် ဖြစ်ကြောင်း၊ ပြပွဲတွင် ပုလဲအတွဲပေါင်း (၃၃၀)၊ ကျောက်မျက်အတွဲပေါင်း (၁၂၀)၊ ကျောက်စိမ်းအတွဲပေါင်း အတွဲ(၂၀၀၀)ကျော်တို့ကို ပြည်တွင်း/ ပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ် ဖြင့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ရောင်းချပေးသွားမည် ဖြစ်ကြောင်း၊ မဏိရတနာကျောက်စိမ်းခန်းမအတွင်း ပုဂ္ဂလိကကျောက်မျက်ရတနာအချောထည် အရောင်း ပြခန်းများလည်း ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်း၊ ကျောက်စိမ်းကျောက်မျက် ပုလဲ အတွဲများ ဝယ်ယူရာတွင် ပုလဲအတွဲများကို အမေရိကန်ဒေါ်လာဖြင့် ကြမ်းခင်းဈေး သတ်မှတ်ထားရှိပြီး ငွေပေးချေရာတွင် ပြည်ပရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယွမ်ငွေ တို့ဖြင့် လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယွမ်၊ ကျပ်ငွေ တို့ဖြင့် လည်းကောင်း ပေးချေနိုင်ကြောင်း၊ ကျောက်မျက် ကျောက်စိမ်းအတွဲများကို ယူရိုငွေဖြင့် ကြမ်းခင်းဈေးသတ်မှတ်ထားရှိပြီး ရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ တို့ဖြင့် ပေးချေနိုင်ကြောင်း သိရှိရသည်။ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောက်စိမ်းဥယျာဉ် ပြန်လည်အဆင့်မြှင့်တင်ထားရှိမှု အခြေအနေ များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းမင်းဦး နှင့် မြန်မာ့ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး တို့က ရှင်းလင်း တင်ပြမှုအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။အဆိုပါ ကျောက်စိမ်းဉယျာဉ်အား ၂၀၁၀ ပြည့်နှစ်၌ မြေဧရိယာ အကျယ်အဝန်း (၈.၂၆) ဧကပေါ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဥယျာဉ်အတွင်း ကျောက်စိမ်းအရိုင်းတုံးပေါင်း (၅၁၁၇)တုံး နှင့် အခြား ကျောက်ရိုင်းပေါင်း (၁၄၂၅၂)တုံး ထားရှိကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ ဥယျာဉ်အား ပြန်လည်ပြုပြင်ထိန်းသိမ်း အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။Source : Ministry of Natural Resources and Environmental Conservation

Read More...