Language :
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီသည် ၂၀၁၉ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲကို နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမ၌ ၁၆.၉.၂၀၁၉ ရက်နေ့မှ ၂၅.၉.၂၀၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ ရတနာပြပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ပြပွဲဗဟိုကော်မတီအစည်းအဝေးကို ၃၀.၈.၂၀၁၉ ရက်နေ့ (၁၄:၀၀) နာရီတွင် နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမရှိ အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ နာယက၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ပြပွဲဗဟိုကော်မတီ ဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ ပြပွဲဗဟိုကော်မတီဝင်များဖြစ်ကြသည့် ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပြပွဲအထောက်အကူပြု လုပ်ငန်းကော် မတီအသီးသီးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ တာဝန် ရှိသူများ၊ ပြပွဲဗဟိုကော်မတီအတွင်းရေးမှူး မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းတို့ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အစည်းအဝေးအစီအစဉ်အရ သက်ဆိုင်ရာလုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများက ပြပွဲ ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို အသေးစိတ် ရှင်းလင်းတင်ပြကြပြီး အစည်းအဝေး တက်ရောက်လာကြသူများက သက်ဆိုင်ရာလုပ်ငန်းများအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပါသည်။ လုပ်ငန်းကော်မတီအလိုက် ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက အသေးစိတ် ညှိနှိုင်းဖြည့်ဆည်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို (၁၅:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
Read More...
မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ပဉ္စမသက်တမ်း စီမံခန့်ခွဲရေးကော်မတီ၏ (၂/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးကို ၂၆.၈.၂၀၁၉ ရက် (တနင်္လာနေ့) နေ့လည်(၁၃း၀၀)နာရီတွင် နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ (အစည်းအဝေးခန်းမ)တွင် ကျင်းပရာ မြန်မာနိုင်ငံကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာနှင့် စီမံခန့်ခွဲရေးကော်မတီဝင်များ၊ အသင်း၏ ဥပဒေအကြံပေးများ တက်ရောက်ကြပါသည်။ -MGJEA
Read More...
ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
Read More...
- ရတနာပြပွဲ ဝင်ခွင့်ကတ် (RFID Card)များ ကြိုတင်ဆောင်ရွက်နိုင်ရန်ကိစ္စ - ရတနာပြပွဲတက်ရောက်မည့်သူ အမျိုးအစားအလိုက် ကောက်ခံမည့် ဝင်ကြေးငွေနှုန်းထားများ - ပြပွဲတက်ရောက်ခွင့် တင်ပြသည့် ရတနာကုန်သည် အမျိုးအစားအလိုက် လိုအပ်သည့် စာရွက်စာတမ်းများ - ဝင်ကြေးငွေ၊ အာမခံစပေါ်ငွေနှင့် ကျောက်အတွဲတန်ဖိုးများ ပေးသွင်းရမည့် ဘဏ်အမည်နှင့် ငွေစာရင်းအမှတ်များ
Read More...
တတိယအကြိမ် မြန်မာ့ ကျောက်မျက်ရတနာနေ့ အခမ်းအနားကို (၃.၈.၂၀၁၉)ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပပါသည်။ အခမ်းအနားသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင် ညွှန်ကြားရေးမှူး များ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ အသင်းတာဝန်ရှိသူများ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းက ၂၀၁၇ ခုနှစ်မှ စတင်၍ ဩဂုတ်လ ၃ ရက်ကို ကျောက်မျက်ရတနာကဏ္ဍ၏ နေ့ထူးနေ့မြတ်၊ မြန်မာ့ ကျောက်မျက်ရတနာနေ့အဖြစ် သတ် မှတ်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း စတင်တည်ထောင်ခွင့် ရရှိသည့်အချိန်မှစ၍ မြန်မာနိုင်ငံအတွင်း ကျောက်မျက်ရတနာ ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းခွဲများ တိုးချဲ့ဖွဲ့စည်းဆောင်ရွက်ခဲ့သည့်အပြင် ဒေသခံ တိုင်းရင်းသားများ၏ ကျောက်မျက်ရတနာလုပ်ငန်းများ ပိုမိုအဆင်ပြေ ချောမွေ့စေရေး ပံ့ပိုးကူညီ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။ မြန်မာ့ ကျောက်မျက်ရတနာများသည် နိုင်ငံအတွက် နိုင်ငံခြားငွေ ရှာဖွေပေးနိုင်သကဲ့သို့ အခွန်ဘဏ္ဍာများစွာ ရရှိပြီး နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အထောက်အကူပြု လျက်ရှိပါကြောင်း၊ ကျောက်မျက်ရတနာ ကဏ္ဍသည် နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်း များစွာကို ဖော်ဆောင်ပေးနေသည့် စီးပွားရေးကဏ္ဍတစ်ရပ်လည်း ဖြစ်ပါကြောင်း၊ မြန်မာ့ ကျောက်မျက်ရတနာ ကဏ္ဍ၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့် အညီ မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း၏ ရည်ရွယ်ချက်များ ပြည့်ဝအောင်မြင်စေရန်နှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ၏အကျိုး၊ နိုင်ငံတော်၏ အကျိုးကို ရှေ့ရှု၍ မြန်မာ့ ကျောက်မျက်ရတနာများကို သားစဉ် မြေးဆက်ထုတ်ယူသုံးစွဲနိုင်ရေး တာဝန်ရှိသူများ အားလုံးက စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်း ဆောင် ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး အသင်း၏ စတုတ္ထသက်တမ်းဥက္ကဋ္ဌ ဦးရုံးမူက မြန်မာ့ ကျောက်မျက်ရတနာနေ့အတွက် ဂုဏ်ပြုစကား ပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင် များအသင်းက လှူဒါန်းသည့် ဂေဟစနစ် ဖြည့်တင်းရေး စိုက်ခင်းဧက(၁၀၀)အတွက် အလှူငွေများကို လက်ခံရယူပြီး အသင်းဥက္ကဋ္ဌအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။ ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် ဦးအုန်းဝင်း၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက မြန်မာ့ ကျောက်မျက်ရတနာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် ပြပွဲများ ကျင်းပနိုင်ရေး ဆောင်ရွက်ခဲ့ကြသူများနှင့် အသင်းအဖွဲ့များ ကို ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ကြသည်။ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း၏ ဒသမအကြိမ် နှစ်ပတ်လည် အသင်းသား စုံညီအစည်းအဝေးကို ဆက်လက်ကျင်းပရာ အသင်းအလုပ်အမှုဆောင် အဖွဲ့၏ (၂၀၁၈-၂၀၁၉)ခုနှစ်အတွက် နှစ်ပတ်လည် အစီရင်ခံစာ အကျင်းချုပ်ကို တင်ပြခြင်း၊ ငွေစာရင်း နှစ်ချုပ်ရှင်းတမ်း ရှင်းလင်းခြင်းနှင့် အသင်း၏ ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်း ဆိုင်ရာများ ရှင်းလင်းတင်ပြ ခြင်းများကို ဆောင်ရွက်ကြသည်။ -MGJEA
Read More...
"(၁၆)ကြိမ်မြောက် နန်နင်း-တရုတ်-အာဆီယံ ကုန်စည်ပြပွဲ" သို့ သွားရောက်ပြသကြမည့် ရတနာ ကုန်သည်များ၏ လုပ်ငန်း လိုအပ်ချက်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာ၊ ဒုတိယဥက္ကဋ္ဌ(၁) ဦးလှစိုးဦး၊ အသင်း အကြံပေး ဦးအောင်မြင့်၊ တွဲဖက်အတွင်းရေးမှူး (၁) ဦးအောင်ကျော်မြတ်နှင့် ဗဟိုအလုပ်အမှုဆောင် ၊ အလုပ်အမှုဆောင်များသည် (၂၉.၇.၂၀၁၉)ရက် နေ့လည်(၁း၀၀)နာရီတွင် နေပြည်တော် စီးပွား/ကူးသန်းဝန်ကြီးဌာန မူဝါဒနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ် များနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
Read More...
နေပြည်တော်ရွှေကြာပင်ကျောက်မျက်သင်တန်းကျောင်းကိုမွမ်းမံပြီးမြန်မာနိုင်ငံရဲ့ပထမဦးဆုံးကျောက်မျက်ရတနာသက်မွေးပညာ နည်းပညာသင်တန်းကျောင်းကိုရေရှည်အောင်မြင်စွာဖွင့်လှစ်နိုင်ရေးအတွက် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ(၃) ဒေါက်တာအောင်ကျော်ဝင်းဦးဆောင်၍ အကြံပေးကိုအေးချမ်းကိုကို ကျောင်းအုပ်ကြီးဦးကျော်ရွှေ ဒုတိယကျောင်းအုပ်ကြီးဦးမျိုးနိုင်တို့သည်ဇူလိုင်လ(၂၃) ရက်နေ့မှ (၂၆) ရက်နေ့အထိထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ Golden Jubilee Royal Thai Goldsmith College ကိုသွားရောက်လေ့လာခဲ့သည် အဆိုပါျကာလိပ်တွင်တာဝန်ရှိပုဂ္ဂိုလ် ဒါရိုက်တာများ ကျောင်းအုပ်ကြီးနှင့် အတွင်းရေးမူးအဖွဲ့တို့နှင့်တွေ့ဆုံ၍ သင်တန်းကျောင်းရေရှည်အောင်မြင်စွာအကောင်အထည်ဖော်နိင်အောင်တွေ့ဆုံဆွေးနွေးခဲ့သည့်အပြင် Apprenticeship program အကောင်အထည်ဖော်မူ့များ သင်တန်းကျောင်းနှင့်လုပ်ငန်းရှင်များကြားတွင် Apprenticeship program အောင်မြင်ရေးအတွက်အပြန်ပြန်အလှန်လှန်အထောက်အပံ့ပေးမူ့များအားဆွေးနွေးခဲ့ပြီးအမြင်ချင်းဖလှယ်ခဲ့ပါတယ် ထို့နောက် ဘန်ကောက်မြို့ Gemopolis တွင် apprenticeship program ကိုအောင်မြင်အောင်အကောင်အထည်ဖော်နေသည့် Mini company တွင်ထည့်မံဆွေးနွေးခဲ့ပါသည် ထို့နောက် ကျောက်သွေးအလုပ်ရုံနှင့်စက်ရုံများကိုအသေးစိတ်လေ့လာပြီးလိုအပ်သည်များမေးမြန်းခဲ့ပြီး Video မှတ်တမ်းများရယူခဲ့ပါသည် နောက်ဆုံးတွင်ကမ္ဘာကျော်ဆွစ်စလန်နိင်ငံမှကျောက်သွေးကုမ္ပဏီကိုအသေးစိတ်ျလ့လာခွင့်ရခဲ့ပြီး ဘန်ကောက်မြို့ Silom လမ်းမပေါ်ရှိ Gems Trading Center ကို့လေ့လာပြီးလေ့လာရေးခရီးစဉ်အဆုံးသတ်ခဲ့ပါတယ် ခရီးစဉ်တလျှောက်အစစအရာရာပြီးစီးအောင်မြင်ဖို့အတွက်ကူညီစီမံဆောင်ရွက်ပြီးခရီးစဉ်တလျှောက်လိုလေသေူမရှိအောင်ကူညီပေးခဲ့သည့် ASEAN Gems & Jewellers Association မှ Chairman ဖြစ်သူ Mr Suttipong နှင့်တကွတာဝန်ရှိသူများကိုကျေးဇူးအထူးတင်ရှိကြောင်းမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်
Read More...
မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (တတိယ)အကြိမ် မြန်မာ့ကျောက်မျက်ရတနာနေ့နှင့် (ဒဿမ)အကြိမ် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးအတွက် ကြိုတင်ဖိတ်ကြားခြင်း
Read More...
ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ် (EMP)သည် တိကျခိုင်မာမှုနှင့် ပြည့်စုံမှုရှိစေရန် လည်းကောင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် သက်ဆိုင်ရာ ဥပဒေများကို တိကျစွာလိုက်နာမှုရှိစေရန်လည်းကောင်း၊ လုပ်ကွက်တစ်ခုချင်းအလိုက်၊ အခြေအနေတစ်ရပ်ခြင်းအလိုက် လုပ်ငန်းခွင်နှင့် ဆီလျော်သော စီမံချက်ကို လိုက်နာဆောင်ရွက်မှု ရှိစေရန်လည်းကောင်း ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ် (EMP)ဆိုင်ရာ ကတိကဝတ်ပြု လက်မှတ်ရေးထိုးပွဲကို ၂၀၁၉ခုနှစ်၊ ဇူလိုင်လ(၁၈)ရက် နေ့လည်(၂)နာရီတွင် မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းရုံး၊ ရန်ကုန်(ကမ္ဘာအေး)၌ ပြုလုပ်ခဲ့ရာ မြန်မာ နိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာ၊ အသင်း၏ ဥပဒေအတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဥပဒေအကြံပေးအဖွဲ့ဝင်များ၊ ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုအလုပ် အမှုဆောင်များ တက်ရောက်ခဲ့ ကြပါသည်။
Read More...