announcement

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (၂၀၂၂-၂ဝ၂၅)ခုနှစ်၊ ဆဋ္ဌမသက်တမ်းအလုပ်အမှုဆောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲကျင်းပမည့်နေ့ရက်ဆိုင်းငံ့ကြောင်း အသိပေးကြေညာချက်

Language :

  • Home
  • About Us
  • News
  • Announcements
  • Contact Us

သတင်းများ

မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ပဉ္စမ သက်တမ်း အလုပ်အမှုဆောင်အဖွဲ့၏ (၄/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ပဉ္စမ သက်တမ်း  အလုပ်အမှုဆောင်အဖွဲ့၏ (၄/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို (၃၀.၉.၂၀၁၉)ရက်နေ့၊ နံနက် (၁၀)နာရီတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ (အစည်းအဝေးခန်းမ)၌ ကျင်းပ ပြုလုပ်ရာ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာ ၊ ဒု-ဥက္ကဌ (၁) ဦးလှစိုးဦး၊ ဒု-ဥက္ကဌ (၂) ဦးနေဝင်းထွန်း၊ ဒု-ဥက္ကဌ (၄) ဦးကျော်သူရ ၊ ဒု-ဥက္ကဌ (၆) ဦးမြင့်ဟန်၊ အသင်း၏ ဥပဒေ အကြံပေး များဖြစ်ကြသော ဒေါ်ခင်မြမြထွန်း နှင့် ဦးသန်းဝင်း၊ အတွင်းရေးမှူး(၁) ဦးသောင်းထွန်း၊ အတွင်းရေးမှူး(၂) ဒေါ်မေပွင့်သော်၊ အတွင်းရေးမှူး(၃) ဦးသက်မောင်မြင့်၊ တွဲဖက် အတွင်းရေးမှူး(၁) ဦးအောင်ကျော်မြတ်၊ တွဲဖက် အတွင်းရေးမှူး(၂) ဦးထွန်းနေဦး၊ တွဲဖက် အတွင်းရေးမှူး(၃) ဦးသောင်းကြည်၊ ဗဟိုအလုပ်အမှုဆောင် ၊ အလုပ်အမှုဆောင်များ၊ အသင်းခွဲများမှ ဥက္ကဋ္ဌနှင့်ကိုယ်စားလှယ်များ၊ အသင်းအကြံပေးများ၊ ပညာရှင်များ စုံညီစွာတက်ရောက်ဆွေးနွေး ခဲ့ကြပါသည်။   -MGJEA 

Read More...

၂၀၁၉ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီက ကြီးမှူးကျင်းပသည့် ၂၀၁၉ ခုနှစ်၊ နှစ်လယ် မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို ၁၆.၉.၂၀၁၉ ရက်နေ့မှ ၂၅.၉.၂၀၁၉ ရက်နေ့အထိ နေပြည်တော်၊ မဏိ ရတနာကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်တွင်းရတနာကုန်သည် (၁၉၇၃)ဦးနှင့် ပြည်ပ ရတနာကုန်သည် (၃၀၇၆)ဦး စုစုပေါင်း(၅၀၄၉)ဦး တက်ရောက်ခဲ့ကြပါသည်။   ရတနာပြပွဲ ဒသမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၁၃၀၀)တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် တင်ပြရောင်းချခဲ့ရာ အတွဲပေါင်း (၁၀၂၈)တွဲကို တန်ဖိုးယူရို (၆၆.၃၃၇) သန်းဖြင့် ရောင်းချခဲ့ရသည်။   ၂၀၁၉ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်မျက်အတွဲပေါင်း (၄၀)တွဲ ကို တန်ဖိုးယူရို (၀.၃၇၈) သန်းဖြင့်လည်းကောင်း၊ ကျောက်စိမ်းအတွဲပေါင်း (၅၈၄၅)တွဲကို တန်ဖိုး ယူရို (၅၀၆.၅၃၅) သန်းဖြင့်လည်းကောင်း ရောင်းချခဲ့ရပြီး အရောင်းစာရင်းထုတ်ပြန်ခြင်းကို ၂၅. ၉.၂၀၁၉ (၁၆:၀၀) နာရီတွင် နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ နဝရတ်ကိုးသွယ်ဂိတ်ရှိ ရတနာကုန်သည် မှတ်ပုံတင်အဆောက်အအုံ၌ ကျင်းပပြုလုပ်ခဲ့ရာ သတင်းမီဒီယာများ တက်ရောက် သတင်းရယူခဲ့ပြီး တာဝန်ရှိသူများက ရတနာပြပွဲနှင့်ပတ်သက်သည့် ကိန်းဂဏန်းအချက်အလက်များ ကို ထုတ်ပြန်ပေးခဲ့ပါသည်။

Read More...

၂၀၁၉ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမမြောက်နေ့ ဆက်လက်ကျင်းပ

၂၀၁၉ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်မ၌ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိရာ ၂၃.၉.၂၀၁၉ ရက်နေ့  (အဋ္ဌမမြောက်နေ့)တွင် ကျောက်စိမ်းအတွဲ (၁၃၀၀)တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ အတွဲပေါင်း (၉၇၅)တွဲကို တန်ဖိုးယူရို (၆၀.၉၆၈) သန်းဖြင့် ရောင်းချခဲ့ရပါသည်။ ၂၄.၉.၂၀၁၉ ရက်နေ့တွင် အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချမည့် ကျောက်စိမ်းတွဲအမှတ် (၅၂၁၂) မှ (၆၅၁၁) ထိကို ရတနာကုန်သည်များက စိတ်ကြိုက် စစ်ဆေးခဲ့ကြပြီး သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ဈေးနှုန်းပေးသွင်းလွှာများကို စနစ်တကျ ထည့် သွင်းခဲ့ကြပါသည်။   Source : Myanma Gems Enterprise 

Read More...

၁၉.၉.၂၀၁၉ ရက်နေ့ ကျောက်မျက်အတွဲ ရောင်းချရမှုအခြေအနေ

၂၀၁၉ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲကို နေပြည်တော် ၊ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပလျက်ရှိရာ ၁၉.၉.၂၀၁၉ ရက်နေ့၌ ကျောက်မျက်အတွဲပေါင်း(၄၈၁)တွဲ တင်ပြသည့် အနက်မှ ယူရိုငွေ ၃၇၈,၀၀၀ တန်ဖိုးရှိ အတွဲပေါင်း (၄၀)ကို ရောင်းချရကြောင်း သိရှိရပါသည်။ - MGJEA  

Read More...

၂၀၁၉ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတင်ကျင်းပ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီက ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၁၉ ခုနှစ်၊ နှစ်လယ် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ကျောက်မျက်ရတနာများ စတင်ခင်းကျင်းပြသ ရောင်းချခြင်းကို ယနေ့ (၀၈:၀၀) နာရီတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူ တက်ရောက်ကြည့်ရှုအားပေးခဲ့ပါသည်။   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ (၂) နှင့်အတူ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီနာယက၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ ဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ၊ အမျိုးသားလွှတ်တော် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်သီဟနှင့် အတွင်းရေးမှူး ဦးစခင်ဇော်လင်း၊ ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးအေးနိုင်၊ ပြပွဲဗဟိုကော်မတီ ဝင်များ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ရတနာပြပွဲ ဆိုင်ရာလုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။   ဒုတိယသမ္မတသည် မဏိရတနာကျောက်စိမ်းခန်းမ ပထမထပ်ရှိ ရှင်းလင်းဆောင်သို့ ရောက် ရှိရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီက ကျောက်မျက်ရတနာပြပွဲ ကျင်းပနိုင်ရေး အတွက် ပြင်ဆင်ဆောင်ရွက်ခဲ့မှုတင်ပြချက် ဗီဒီယိုမှတ်တမ်းကို LED Display Board ဖြင့် ရှင်း လင်းတင်ပြခဲ့ကြပါသည်။   ထို့နောက် ဒုတိယသမ္မတသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းထားသော ကျောက်စိမ်း၊ ကျောက်မျက်ပြခန်းများနှင့် ပြပွဲကာလအတွင်း ဖွင့်လှစ်ထားသော ရတနာဆိုင်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး (၀၉:၁၈) နာရီတွင် ပြန်လည်ထွက်ခွာသွားပါသည်။   Source : Myanma Gems Enterprise 

Read More...

နေပြည်တော် (ရွှေကြာပင်) ကျောက်မျက်သင်တန်းကျောင်းအတွက် သင်တန်းသား/သူများ ခေါ်ယူခြင်း

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးကျောက်မျက်ရတနာသင်တန်းကျောင်း(နေပြည်တော်၊ရွှေကြာပင်)အမှတ်စဉ်(၃)သင်တန်းအတွက် သင်တန်းသား/သူ ဝင်ခွင့် လျှောက်လွှာခေါ်ယူခြင်း   ၁။ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းသည် နေပြည်တော် ရွှေကြာပင်ရှိ နည်းပညာ၊သက်မွေးပညာနှင့် လေ့ကျင့်ရေးကျောက်မျက်ရတနာသင်တန်းကျောင်းမှ အဆင့်မြှင်တင်ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။   ၂။ သင်တန်းတွင် အောက်ပါဘာသာရပ်များအား စာတွေ့၊ လက်တွေ့ သင်ကြားပို့ချမည်ဖြစ်ပြီး၊လက်တွေ့သင်ကြားမှုကို ဦးစားပေးသင်ကြားပေးပါမည်။ သင်တန်းသား/သူစုစုပေါင်း (၁၀၀)ဦးကို အောက်ပါ ဘာသာရပ်များကို လက်ခံသင်ကြားပေးပါမည် -   (က) ကျောက်စိမ်းအချောထည်သင်တန်း (ခ) ကျောက်မျက်ပန်းချီသင်တန်း (ဂ) ကျောက်မျက်အချောထည်သင်တန်း (ဃ) လက်ဝတ်ရတနာ(ပန်းတိမ်) သင်တန်း   ၃။ လျှောက်ထားသူသည် အောက်ဖော်ပြပါသတ်မှတ်အရည်ချင်းများနှင့်ကိုက်ညီသူဖြစ်ရမည်- (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။ (ခ) အသက်(၁၇) နှစ်ပြည့်ပြီး(၂၅) နှစ်ထက်မကျော်လွန်သူဖြစ်ရမည်။ (ဂ) သင်တန်းကို ပြီးဆုံးအောင် တက်ရောက်နိုင်ရမည်။   ၄။ လျှောက်ထားသူသည်အောက်ဖော်ပြပါအချက်လက်များကို ကိုယ်တိုင်ရေးလျှောက်လွှာတွင်ပြည့်စုံမှန်ကန်စွာဖြည့်စွက်ရေးသား၍ ကိုယ်တိုင်လက်မှတ်ရေးထိုးလျှောက်ထားရမည် - (က) အမည် ၊ နိုင်ငံသား စိစစ်ရေးကတ်အမှတ် (ခ) မွေးသက္ကရာဇ် နှင့် အသက် (ဂ) လူမျိုးနှင့် ကိုးကွယ်သည့်ဘာသာ (ဃ) ပညာအရည်အချင်းနှင့်အောင်မြင်သည့်ခုနှစ် (င) ဆက်သွယ်ရန်နေရပ်လိပ်စာနှင့်တယ်လီဖုန်းအမှတ် (စ) အမြဲတမ်းနေရပ်လိပ်စာအပြည့်စုံ။ (ဆ) သင်တန်းတက်ရောက်ရခြင်းရည်ရွယ်ချက် (ဇ) သင်တန်းမှမျှော်မှန်းထားသောအကျိုးကျေးဇူးများ (ဈ) သင်တန်းပြီးမြောက်လျှင်ဆက်လက်ဆောင်ရွက်မည့်အနာဂါတ်ရည်မှန်းချက်   ၆။ ဝင်ခွင့်လျှောက်လွှာများကို ( ၅.၁၀.၂၀၁၉)ရက် နေ့ရုံးချိန်အတွင်း နောက်ဆုံးထား၍အောက်ဖော်ပြပါနည်းလမ်းများဖြင့်ပေးပို့လျှောက်ထားနိုင်ပါသည်- (က) Viber ဖြင့ ် ပေးပို့လျှောက်ထားခြင်း။ (၁) ဦးကျော်ရွှေ (ကျောင်းအုပ်ကြီး) ၀၉-၄၂၁၇၂၉၂၄၀ (၂) ဦးမျိုးနိုင် (ဒုတိယကျောင်းအုပ်ကြီး) ၀၉-၄၀၀၀၁၆၇၄၁ (ခ) မူရင်းလျှောက်လွှာများကို မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း သို့ လိပ်မူ၍လူကိုယ်တိုင်ဖြစ်စေ ၊ စာတိုက်မှတစ်ဆင့်ဖြစ်စေ ၊ E-mail ဖြင့်ဖြစ်စေ အောက်ပါအတိုင်းပေးပို့နိုင်ပါသည် -   (၁) ဦးခိုင်မိုး (ရုံးအဖွဲမှူး) မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းရုံး (နေပြည်တော်) မဏိရတနာကျောက်စိမ်းခန်းမ၊ ဇမ္ဗူသီရိမြို့နယ် ၊ နေပြည်တော်။ ၀၆၇-၄၃၂၃၈၅ Mail: mgjea.npt@gmail.com   (၂) ဦးနေလင်း (၀၉-၉၇၀၄၉၅၃၄၈) မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းရုံး (ရန်ကုန်) အမှတ်(၆၈)၊ ကမ္ဘာအေးဘုရားလမ်း၊မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။ ၀၁-၆၆၃၀၈၀ Mail: info@mgjea.org   ၇။လူဦးရေ ကန့်သတ်ထားပါသဖြင့် လျှောက်လွှာဦးစွာရောက်ရှိမှုအပေါ် ဦးစားပေးအစီအစဉ်ဖြင့်ခေါ် ယူဆောင်ရွက်သွားပါမည်။   လျှောက်လွှာများကို စီစစ်ပြီး လူတွေ့စစ်ဆေးခြင်းအား စက်တင်ဘာ (၂၅) ရက်နေ့ နှင့် အောက်တိုဘာ(၉)ရက်နေ့များတွင် ရန်ကုန် မြန်မာ့ကျောက်မျက်ရတနာအရောင်းခန်းမ ကမ္ဘာအေး ၌ လည်းကောင်း ၊ စက်တင်ဘာ(၂၇)ရက်နေ့ နှင့် အောက်တိုဘာ (၇)ရက်နေ့များတွင် နေပြည်တော် ရွှေကြာပင် ကျောက်မျက်သင်တန်းကျောင်း၌လည်းကောင်းနံနက် ၁၀း၀၀ နာရီမှစတင်၍ ရုံးချိန်အတွင်း ပြုလုပ်စစ်ဆေးသွားပါမည်။အသေးစိတ်အချက်လက်များအား Myanmar Gems and Jewellery Enterpreneurs Association face book page နှင့် //www.mgjea.org တွင် အချိန်နှင့်တစ်ပြေးညီ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။သင်တန်းကာလအတွင်း နေထိုင်စရိတ်၊သင်ကြားစရိတ်မှာအခမဲ့ဖြစ်ပြီး ၊စားသောက်စရိတ် ငါးသောင်းကျပ်ကိုလစဉ်ပေးဆောင်ရပါမည်။သင်တန်းကာလမှာ Level 1 အတွက် အောက်တိုဘာ ၂၀၁၉ မှ ဧပရယ် ၂၀၂၀ထိဖြစ်ပါသည်။   မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း

Read More...

နေပြည်တော် (ရွှေကြာပင်) ကျောက်မျက်သင်တန်းကျောင်းအတွက် သင်တန်းဆရာများ ခေါ်ယူခြင်း

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးကျောက်မျက်ရတနာသင်တန်းကျောင်း နေပြည်တော်(ရွှေကြာပင်) သင်တန်းကျောင်းနည်းပြလျှောက်လွှာခေါ်ယူခြင်း   ၁။ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်မှနေပြည်တော် ရွှေကြာပင်ရှိ နည်းပညာ၊ သက်မွေးပညာ နှင့် လေ့ကျင့်ရေး ကျောက်မျက်ရတနာသင်တန်းကျောင်း ဖွင့်လှစ်ရန်အတွက် အောက်ဖော်ပြပါ ရာထူးများအားလျှောက်ထားနိုင်ပါသည် -   (က) ကျောက်စိမ်းလက်ကောက်ထုတ်လုပ်မှုနည်းပြ (၁) ဦး (ခ) ကျောက်စိမ်းလုံးချောထုတ်လုပ်မှုနည်းပြ (၁) ဦး (ဂ) ကျောက်စိမ်းအရောင်တင်နည်းပြ (၁) ဦး (ဃ) ကျောက်စိမ်းပုတီး နည်းပြ (၁) ဦး (င) ကျောက်စိမ်း ရုပ်ထု၊ ပန်းပုနည်းပြ (၁) ဦး (စ) ကျောက်စိမ်း CNC နည်းပြ (၁) ဦး (ဆ) ကျောက်စိမ်း 3D /5Dနည်းပြ (၁) ဦး (ဇ) ကျောက်စိမ်းပန်းပု အရောင်တင် နည်းပြ  (၁) ဦး (ဈ) ကျောက်မျက်ပန်းချီနည်းပြ (၂) ဦး (ည) ကျောက်မျက်ကျောက်သွေးနည်းပြ (၂) ဦး (ဋ) 2D ဒီဇိုင်းနည်းပြ (၁) ဦး (ဌ) 3D CAD-CAM နည်းပြ (၁) ဦး (ဍ) ဖယောင်းနည်းပြ (၁) ဦး (ဍ္ဎ) မိုနည်းပြ (၁) ဦး (ဏ) ပန်းတိမ်နည်းပြ (၁) ဦး (တ) စိန်၊ကျောက်တပ်နည်းပြ (၁) ဦး   ၂။ စာပိုဒ်(၁)ပါ ရာထူးပါ လျှောက်ထားသူသည် - (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။ (ခ) အကျင့်စာရိတ္တကောင်းမွန်ပြီး ပြစ်မှုကင်းရှင်းသူဖြစ်ရမည်။ (ဂ) စိတ်ရောကိုယ်ပါကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။ (ဃ)သက်ဆိုင်ရာရာထူးအလိုက်သတ်မှတ်အရည်အချင်းများနှင့်ပြည့်စုံသူ ဖြစ်ရမည်။ (င) သက်ဆိုင်ရာအသုံးပြုမည့် လုပ်ငန်းသုံးပစ္စည်းများ/ စက်ပစ္စည်းကိရိယာများကို ကျွမ်းကျင်စွာကိုင်တွယ်တတ်ရမည်။ (စ) သင်ကြားရေးဝါသနာပါသူဖြစ်ရမည်။ (ဆ) သင်တန်းစည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရမည်။   ၃။ အလုပ်လျှောက်ထားသူသည်- (က) အလုပ်လျှောက်ထားသည့် ရာထူး၊ မျှော်မှန်းလစာ၊ အလုပ်လျှောက်ရသည့် အကြောင်းအရင်းနှင့် ပြည့်စုံသည့် CV Form၊ (ခ) လျှောက်ထားသည့ရ် ာထူးနှင့် ပတ်သက်သည့် လုပ်ငန်းအတွေ့အကြုံ အထောက်အထားတို့နှင့် အတူ အောက်ဖော်ပြပါ လိပ်စာများသို့ ပေးပို့ လျှောက်ထားနိုင်သည်။   ၄။ လျှောက်လွှာနှင့်အတူအောက်ပါတို့ကို ပြည့်စုံစွာပူးတွဲတင်ပြလျှောက်ထားရပါမည်- (က) အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြစ်မှုကင်းရှင်းကြောင်းသက်ဆိုင်ရာမြို့နယ်ရဲစခန်း တို့၏ တစ်လအတွင်း ထောက်ခံချက် မူရင်း (ခ) ကျန်းမာရေးကောင်းမွန်ကြောင်း ကျန်းမာရေးဦးစီးဋ္ဌာန၏ တစ်လအတွင်း ဆေးစစ်ချက် မူရင်း (ဂ) (၆)လအတွင်းပြုလုပ်ထားသောအလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ   ၅။ လျှောက်ထားသူသည် အောက်ပါအရည်အချင်းများနှင့်ကိုက်ညီမှုရှိရမည်။ (က) ကျောက်စိမ်းလက်ကောက် ထုတ်လုပ်မှုနည်းပြ ရာထူးအတွက် လက်ကောက် ထုတ်လုပ်မှုအတွက်ကျွမ်းကျင်စွာ ခဲပေးနိုင်သူဖြစ်ရမည်။ ဒီဇယ်ခုံ ၊ ရေခုံ များကို ကိုင်တွယ်တတ်ပြီး စက်ပစ္စည်းများကို အသေးစိတ်နားလည် ပြုပြင်တတ်ရမည်။အတွေ့အကြုံအနည်းဆုံး(၅) နှစ်ရှိရပါမည်။ (ခ) ကျောက်စိမ်းလုံးချောထုတ်လုပ်မှုနည်းပြ ရာထူးအတွက် ခဲပေး၍ ကျောက်များကို ကိုယ်တိုင်ဖြတ်တောက်နိုင်ရမည်။ ကျောက်အကြောင်းကို ပိုင်နိုင်စွာ နားလည်တတ်ကျွမ်းရမည်။ ပုံသဏ္ဍန်အစုံ ၊ ဆိုဒ်စုံပုံဖော် သွေးတတ်ရမည်။ စကေးကိုက်သွေးတတ်ရမည်။ အတွေ့အကြုံအနည်းဆုံး(၅) နှစ်ရှိရပါမည်။ (ဂ) ကျောက်စိမ်းအရောင်တင်နည်းပြ ရာထူးအတွက် ကျောက်စိမ်းအသား၊ အရည်အသွေး ၊ ထုလုပ်ထားသည့်ပုံသဏ္ဍန်၊ အရွယ်အစား ကိုစနစ်တကျ လေ့လာပြီး အရောင်တင်တတ်ရမည်။ အတွေ့အကြုအနည်းဆုံး(၅)နှစ်ရှိရပါမည်။ (ဃ) ကျောက်စိမ်းပုတီး နည်းပြရာထူးအတွက် ကျောက်စိမ်းပုတီးပြုလုပ်ရန်အတွက် ကျောက်သားရွေးခြယ်ခြင်း၊ခဲပေးခြင်း၊ ဖြတ်တောက်ခြင်း၊ ပုံသဏ္ဍန်ဖော်ခြင်း နှင့် အချောကိုင်ခြင်း၊ ပုတီးပေါက်ဖောက်ခြင်း တို့ကို အသုံးပြုမည့် စက်ကိရိယာများဖြင့် ကျွမ်းကျင်စွာပြုလုပ်နိုင်ရမည်။ အတွေ့အကြုံအနည်းဆုံး(၅) နှစ်ရှိရပါမည်။ (င) ကျောက်စိမ်း ရုပ်ထု၊ ပန်းပုနည်းပြ ရာထူးအတွက် ပန်းချီအခြေခံဖြင့် ပုံဖော် ရေးဆွဲတတ်ရမည်။ ကျောက်စိမ်းသားပေါ်တွင် ထုလုပ်မည့် ပုံသဏ္ဍန်ကိုဖော်၍ ဖြတ်တောက်ခြင်း၊ အနုစိတ် ရေးဆွဲ ခြင်း၊ ကိရိယာများဖြင့် အနုစိတ်ပုံဖော်ဆောင်ရွက်နိုင်ရမည်။ အတွေ့အကြုံအနည်းဆုံး(၅) နှစ်ရှိရပါမည်။ (စ) ကျောက်စိမ်း CNC နည်းပြရာထူးအတွက် သက်ဆိုင်ရာဆော့ဖ်ဝဲလ်ဖြင့်ကွန်ပျူတာကို ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုတတ်ရမည်။ ကွန်ပျူတာဖြင့် ဒီဇိုင်းရေးဆွဲတတ်ရမည်။ အတွေ့အကြုံ အနည်းဆုံး(၅)နှစ်ရှိရပါမည်။ (ဆ) ကျောက်စိမ်း 3D /5Dနည်းပြ ရာထူးအတွက် သက်ဆိုင်ရာဆော့ဖ်ဝဲလ်ဖြင့်ကွန်ပျူတာကို ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုတတ်ရမည်။ ကွန်ပျူတာဖြင့် ဒီဇိုင်းရေးဆွဲတတ်ရမည်။ အတွေ့အကြုံအနည်းဆုံး(၅)နှစ်ရှိရပါမည်။ (ဇ) ကျောက်စိမ်းအချောကိုင် နည်းပြ ရာထူးအတွက် ကျောက်စိမ်း အသား၊ ကျောက်စိမ်း အရည်အသွေးကိုလိုက်၍ အရောင်တင် အချောကိုင် ကျွမ်းကျင်သူဖြစ်ရမည်။အတွေ့အကြုံအနည်းဆုံး(၅)နှစ်ရှိရပါမည်။ (ဈ) ကျောက်မျက်ပန်းချီနည်းပြ ရာထူးအတွက် ပန်းချီသင်တန်းကျောင်းဆင်းဖြစ်ရမည်။ (ညနေ၊ အချိန်ပိုင်း၊နေ့တက္ကသိုလ်)၊ လုပ်သက်အတွေ့ အကြုံ အနည်းဆုံး (၃) နှစ်မှ (၅) နှစ်ရှိရမည်။ အသက်(၃၀) နှစ်အထက်ဖြစ်ရမည်။ (ည) ကျောက်မျက်ကျောက်သွေးနည်းပြ ရာထူးအတွက် ကျောက်မျက် ရတနာမျိုးစုံကို နားလည် တတ်ကျွမ်းသူဖြစ်ရမည်။ သက်ဆိုင်ရာကိရိယာများကိုအသုံးပြု၍ ပုံသဏ္ဍန်မျိုးစုံဖြင့် ပုံဖော်သွေးနိုင်ရမည်။အတွေ့အကြုံအနည်းဆုံး(၅)နှစ်ရှိရပါမည်။ (ဋ) 2D ဒီဇိုင်းနည်းပြ ရာထူးအတွက် အခြေခံပညာအလယ်တန်းအဆင့်အောင်မြင် ပြီးသူဖြစ်ပြီး ပန်းချီပညာကိုနားလည်ကျွမ်းကျင်သူဖြစ်ရမည်။ ယဉ်ကျေးမှု တက္ကသိုလ် ကျောင်းဆင်း(ပန်းချီ)(ပန်းချီ၊ပန်းပုကျောင်းဆင်းလက်မှတ်ရှိသူဦးစားပေးမည်။)အသက်(၃၀)နှစ်အထက်ဖြစ်ရမည်။ လုပ်သက်အတွေ့အကြုံ (၁၀) နှစ်ရှိရမည်။ (ဌ) 3D CAD-CAM နည်းပြ ရာထူးအတွက် တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိသူဖြစ်ပြီး 3D oftware အား (GEM VISION MATRIX) ကျွမ်းကျင်စွာ အသုံးပြုပြီး လက်ဝတ်ရတနာ ဒီဇိုင်းအမျိုးမျိုးအား ဖန်တီးရေးဆွဲနိုင်ရမည်။ အသက်(၃၀)နှစ်အထက်ဖြစ်ရမည်။ လုပ်သက်အတွေ့အကြုံ (၅) နှစ်ရှိရမည်။ (ဍ) ဖယောင်းနည်းပြ ရာထူးအတွက် အခြေခံပညာအထက်တန်းအဆင့် အောင်မြင်ပြီး၊ ဖယောင်း အထည်အမျိုးမျိုးကို နားလည်တတ်ကျွမ်း ရမည်။ အသက်(၃၀)နှစ်အထက်ဖြစ်ရမည်။ လုပ်သက်အတွေ့အကြုံ (၁၀) နှစ်ရှိရမည်။ (ဍ္ဎ) မိုနည်းပြရာထူးအတွက် အခြေခံပညာအထက်တန်းအဆင့် အောင်မြင်ပြီး၊ မိုယူခြင်း ၊ မိုခွဲခြင်း၊ ဖယောင်းထုတ်ခြင်း၊ဖယောင်းပြင်ခြင်း နှင့် သက်ဆိုင်ရာ စက်ပစ္စည်းကိရိယာများကို ကျွမ်းကျင်စွာအသုံးပြုနိုင်ရမည်။ အသက်(၃၀)နှစ်အထက်ဖြစ်ရမည်။ လုပ်သက်အတွေ့အကြုံ (၁၀) နှစ်ရှိရမည်။ (ဏ) ပန်းတိမ်နည်းပြ ရာထူးအတွက် အခြေခံပညာအထက်တန်းအဆင့် အောင်မြင်ပြီး၊ အထည်အမျိုးမျိုးကို ရွှေ၊ငွေ၊ ကြေး ၊ သတ္တု များဖြင့် အစ မှ အဆုံးထိ ကျွမ်းကျင်စွာ ပြုလုပ်နိုင်ရမည်။စက်ပန်းတိမ် ၊ လက်ပန်းတိမ် ပညာကို နားလည်တတ်ကျွမ်း ရမည်။ အသက်(၃၀)နှစ်အထက်ဖြစ်ရမည်။ လုပ်သက်အတွေ့အကြုံ (၁၀) နှစ်ရှိရမည်။ (တ) စိန်၊ကျောက်တပ်နည်းပြ ရာထူးအတွက် အခြေခံပညာအထက်တန်းအဆင့် အောင်မြင်ပြီး၊ ကျောက်မျက်အရည်အသွေးကို ကောင်းစွာနားလည် တတ်ကျွမ်းရမည်။ ကျောက်တပ်နည်း အမျိုးမျိုးကို ကျွမ်းကျင်ပိုင်နိုင်စွာ နားလည်တတ်ကျွမ်းရမည်။ အသက်(၃၀)နှစ်အထက်ဖြစ်ရမည်။ လုပ်သက်အတွေ့အကြုံ (၁၀) နှစ်ရှိရမည်။   ၆။ ဝင်ခွင့ေ် လျှာက်လွှာများကို ( ၅.၁၀.၂၀၁၉)ရက်နေ့ ရုံးချိန်အတွင်း နောက်ဆုံးထား၍အောက်ဖော်ပြပါ နည်းလမ်းများဖြင့်ပေးပို့လျှောက်ထားနိုင်ပါသည်- (က) Viber ဖြင့ ် ပေးပို့လျှောက်ထားခြင်း။ (၁) ဦးကျော်ရွှေ (ကျောင်းအုပ်ကြီး) ၀၉-၄၂၁၇၂၉၂၄၀ (၂) ဦးမျိုးနိုင် (ဒုတိယကျောင်းအုပ်ကြီး) ၀၉-၄၀၀၀၁၆၇၄၁ (ခ) မူရင်းလျှောက်လွှာများကို မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း သို့ လိပ်မူ၍ လူကိုယ်တိုင်ဖြစ်စေ ၊ စာတိုက်မှတစ်ဆင့်ဖြစ်စေ ၊ E-mail ဖြင့်ဖြစ်စေ အောက်ပါအတိုင်းပေးပို့နိုင် ပါသည် -   (၁) ဦးခိုင်မိုး (ရုံးအဖွဲမှူး) မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းရုံး (နေပြည်တော်) မဏိရတနာကျောက်စိမ်းခန်းမ၊ ဇမ္ဗူသီရိမြို့နယ် ၊ နေပြည်တော်။ ၀၆၇-၄၃၂၃၈၅ Mail: mgjea.npt@gmail.com   (၂) ဦးနေလင်း (၀၉-၉၇၀၄၉၅၃၄၈) မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းရုံး (ရန်ကုန်) အမှတ်(၆၈)၊ ကမ္ဘာအေးဘုရားလမ်း၊မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။ ၀၁-၆၆၃၀၈၀ Mail: info@mgjea.org   ၇။လူဦးရေ ကန့်သတ်ထားပါသဖြင့် လျှောက်လွှာဦးစွာရောက်ရှိမှုအပေါ် ဦးစားပေးအစီအစဉ်ဖြင့်ခေါ် ယူဆောင်ရွက်သွားပါမည်။   လျှောက်လွှာများကို စီစစ်ပြီး လူတွေ့စစ်ဆေးခြင်းအား စက်တင်ဘာ-၂၆ ရက်နေ့ နှင့် အောက်တိုဘာ ၈ရက်နေ့များတွင် နံနက်၁၀း၀၀ နာရီမှစတင်၍ နေပြည်တော် ရွှေကြာပင် ကျောက်မျက်ရတနာ သင်တန်းကျောင်းတွင် ရုံးချိန်အတွင်းလူတွေ့/လက်တွေ့ ပြုလုပ်စစ်ဆေးသွားပါမည်။သင်တန်းကာလအတွင်း နေထိုင် ၊ စားသောက်ရေး စီစဉ်ပေးမည်။   အသေးစိတ်အချက်လက်များအား Myanmar Gems and Jewellery Enterpreneurs Association face book page နှင့် //www.mgjea.org တွင် အချိန်နှင့်တစ်ပြေးညီဝင်ရောက ်ကြည့်ရှု နိုင် ပါသည်။   မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း

Read More...

နေပြည်တော် (ရွှေကြာပင်) ကျောက်မျက်သင်တန်းကျောင်းအတွက် ဝန်ထမ်းများ ခေါ်ယူခြင်း

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကျောက်မျက်ရတနာသင်တန်းကျောင်းဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း   ၁။မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်မှနေပြည်တော် ရွှေကြာပင်ရှိနည်းပညာ၊သက်မွေးပညာနှင့် လေ့ကျင့်ရေး ကျောက်မျက်ရတနာသင်တန်းကျောင်းတွင်စီမံ ခန့်ခွဲရေးဆိုင်ရာရုံးဝန်ထမ်းသစ်များခန့်ထားရန်အတွက် အောက်ဖော်ပြပါရာထူးများအားလျှောက်ထားနိုင်ပါသည်-   (က) စီမံရေးရာအရာရှိ (၁) ဦး (ခ) စာရင်းကိုင် (၁) ဦး (ဂ) ရုံးစာရေး (ပြည်သူ့ဆက်ဆံရေးရာဋ္ဌာန) (၁) ဦး (ဃ) ရုံးစာရေး (ရုံးနှင့်ဝန်ထမ်းစီမံရေးရာဋ္ဌာန) (၁) ဦး (င) အထွေထွေပြုပြင်ထိမ်းသိမ်းရေးဝန်ထမ်း(ကျား) (၂) ဦး (စ) ယာဉ်မောင်း (၁) ဦး (ဆ) စတိုထိန်း (၁) ဦး (ဇ) လုံခြုံရေးဝန်ထမ်း(ကျား) (၂) ဦး (ဈ) သန့်ရှင်းရေးဝန်ထမ်း(ကျား/မ) (၂) ဦး   ၂။ လျှောက်ထားသူသည်- (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။ (ခ) ပြစ်မှုကင်းရှင်းသူဖြစ်ရမည်။ (ဂ) စိတ်ရောကိုယ်ပါကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။ (ဃ)သက်ဆိုင်ရာရာထူးအလိုက်သတ်မှတ်အရည်အချင်းများနှင့်ပြည့်စုံသူ ဖြစ်ရမည်။ (င) နေပြည်တော်တွင် မိမိ အစီအစဉ်ဖြင့် နေထိုင်နိုင်သူဖြစ်ရမည်။   ၃။ စာပိုဒ် ၁ ပါရာထူးများအတွက် လျှောက်ထားသူသည် (က) ရာထူးအတွက် တက္ကသိုလ်မှ ဘွဲ့တစ်ခုခုနှင့် Management Diploma ရရှိပြီးသူဖြစ်ပြီး Admin & HRအတွေ့အကြုံ (၅) နှစ်၊ စတိုပိုင်းအတွေ့အကြုံရှိရမည်။ အသက်(၃၅) နှစ်အောက်ဖြစ်ရမည်။ (ခ) ရာထူးအတွက် စီးပွားရေးတက္ကသိုလ်မှ B.Act ဘွဲ့ (သို့) စာရင်းကိုင် အောင်လက်မှတ်ရထားသူအသက်(၃၅) နှစ်အောက်ဖြစ်ရမည်။ (ဂ) ရာထူးအတွက် တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရရှိပြီး Marketing, Social Media ကျွမ်းကျင်သူ၊ Digital Marketing ကျွမ်းကျင်သူ၊ ပေါင်းသင်းဆက်ဆံရေးကောင်းသူ၊ အသက် (၃၅) နှစ် အောက်ဖြစ်ရမည်။ (ဃ) ရာထူးအတွက် တက္ကသိုလ်မှ ဘွဲ့တစ်ခုခုနှင့် Computer, Internet, email စာစီစာရိုက် ကျွမ်းကျင်ပြီးအသက်(၃၅) နှစ်အောက်ဖြစ်ရမည်။ (င) ရာထူးအတွက် အခြေခံပညာအလယ်တန်းအဆင့်ထိ သင်ယူဖူးသူဖြစ်ရမည်။ လျှပ်စစ်မီးလိုင်း၊ရေပိုက်လိုင်း နှင့် အထွေထွေ ပြုပြင်ထိန်းသိမ်းနိုင်သူဖြစ်ရမည်။ (စ) ရာထူးအတွက် ယာဉ်မောင်းလိုင်စင်(ခ) သက်တမ်း(၂) နှစ်နှင့်အထက်ရှိရမည်။ ကားကိုစနစ်တကျပြုပြင်ထိမ်းသိမ်းနိုင်သူ ဖြစ်ရမည်။ (ဆ) ရာထူးအတွက် အခြေခံပညာ အထက်တန်းအဆင့် အောင်မြင်သူဖြစ်ရမည်။ စတိုအတွေ့ကြုံရှိ ရမည်။အသက်(၄၀) နှစ်အောက်ဖြစ်ရမည်။ (ဇ) ရာထူးအတွက် အမျိုးသားဖြစ်ရမည်။ ကျန်းမာသန်စွမ်းသူုဖြစ်ရမည်။ လုံခြုံရေးအသိ သတိ ရှိရမည်။ မနက် နှင့် ည တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။ (ဈ) ရာထူးအတွက် ကျန်းမာသန်စွမ်းသူဖြစ်ရမည်။ အသက်(၄၀)နှစ် အောက်ဖြစ်ရမည်။   ၄။ လျှောက်ထားသူသည် လျှောက်လွှာတွင် လျှောက်ထားသည့်ရာထူးကို ဖော်ပြ၍ အောက်ပါအချက် များပါ ်ပြီး၊ လျှောက်ထားသူကိုယ်တိုင် လက်မှတ်ရေးထိုးပေးပို့ရမည်- (က) အမည်နှင့် နိုင်ငံသား စိစစ်ရေးကတ်အမှတ် (ခ) မွေးသက္ကရာဇ် နှင့် အသက် (ဂ) လူမျိုးနှင့် ကိုးကွယ်သည့်ဘာသာ (ဃ) ပညာအရည်အချင်းနှင့်အောင်မြင်သည့်ခုနှစ် (င) မျှော်မှန်းလစာ (စ) မိဘအမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ အလုပ်အကိုင်နှင့်နေရပ်လိပ်စာ (ဆ) အလုပ်သမားမှတ်ပုံတင်အမှတ်နှင့်မှတ်ပုံတင်သည့်ရက်စွဲ (ဇ) ဆက်သွယ်ရန်နေရပ်လိပ်စာနှင့်တယ်လီဖုန်းအမှတ် (ဈ) အမြဲတမ်းနေရပ်လိပ်စာအပြည့်စုံ။   ၅။ လျှောက်လွှာနှင့်အတူအောက်ပါတို့ကို ပြည့်စုံစွာပူးတွဲတင်ပြလျှောက်ထားရပါမည်- (က) အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြစ်မှုကင်းရှင်းကြောင်းသက်ဆိုင်ရာမြို့နယ်ရဲစခန်း တို့၏ တစ်လအတွင်း ထောက်ခံချက် မူရင်း (ခ) ကျန်းမာရေးကောင်းမွန်ကြောင်း ကျန်းမာရေးဦးစီးဋ္ဌာန၏ တစ်လအတွင်း ဆေးစစ်ချက် မူရင်း (ဂ) အမှတ်စဉ်(က) (ခ)(ဂ)(ဃ) ရာထူးများအတွက် ဘ့လွဲ က်မှတ်မိတ္တူ (သို့မဟုတ်)ဘွဲ့ရရှိကြောင်း ထောက်ခံချက်မူရင်း။ (ဃ) (၆)လအတွင်းပြုလုပ်ထားသောအလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ   ၆။ ဝန်ထမ်းလျှောက်လွှာများကို ( ၅.၁၀.၂၀၁၉)ရက် နေ့ရုံးချိန်အတွင်း နောက်ဆုံးထား၍အောက်ဖော်ပြပါနည်းလမ်းများဖြင့်ပေးပို့လျှောက်ထားနိုင်ပါသည်-   (က) Viber ဖြင့ ် ပေးပို့လျှောက်ထားခြင်း။ (၁) ဦးကျော်ရွှေ (ကျောင်းအုပ်ကြီး) ၀၉-၄၂၁၇၂၉၂၄၀ (၂) ဦးမျိုးနိုင် (ဒုတိယကျောင်းအုပ်ကြီး) ၀၉-၄၀၀၀၁၆၇၄၁ (ခ) မူရင်းလျှောက်လွှာများကို မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း သို့ လိပ်မူ၍လူကိုယ်တိုင်ဖြစ်စေ ၊ စာတိုက်မှတစ်ဆင့်ဖြစ်စေ ၊ E-mail ဖြင့်ဖြစ်စေ အောက်ပါအတိုင်းပေးပို့နိုင်ပါသည် -   (၁) ဦးခိုင်မိုး (ရုံးအဖွဲမှူး) မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းရုံး (နေပြည်တော်) မဏိရတနာကျောက်စိမ်းခန်းမ၊ ဇမ္ဗူသီရိမြို့နယ် ၊ နေပြည်တော်။ ၀၆၇-၄၃၂၃၈၅ Mail: mgjea.npt@gmail.com   (၂) ဦးနေလင်း (၀၉-၉၇၀၄၉၅၃၄၈) မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းရုံး (ရန်ကုန်) အမှတ်(၆၈)၊ ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။ ၀၁-၆၆၃၀၈၀ Mail: info@mgjea.org   ၇။လူဦးရေ ကန့်သတ်ထားပါသဖြင့် လျှောက်လွှာဦးစွာရောက်ရှိမှုအပေါ် ဦးစားပေးအစီအစဉ်ဖြင့်ခေါ် ယူဆောင် ရွက်သွားပါမည်။လျှောက်လွှာများကို စီစစ်ပြီး လူတွေ့စစ်ဆေးခြင်းအား စက်တင်ဘာ-၂၆ ရက်နေ့ နှင့် အောက်တိုဘာ ၈ရက်နေ့များတွင် နံနက်၁၀း၀၀ နာရီမှစတင်၍ နေပြည်တော် ရွှေကြာပင် ကျောက်မျက်ရတနာ သင်တန်းကျောင်းတွင် ရုံးချိန်အတွင်းလူတွေ့ ပြုလုပ်စစ်ဆေးသွားပါမည်။အသေးစိတ်အချက်လက်များအား Myanmar Gems and Jewellery Enterpreneurs Association facebook page နှင့် //www.mgjea.org တွင် အချိန်နှင့်တစ်ပြေးညီဝင်ရောက ်ကြည့်ရှု နိုင် ပါသည်။   မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း

Read More...

၂၀၁၉ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီအစည်းအဝေးကျင်းပ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီသည် ၂၀၁၉ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲကို နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမ၌ ၁၆.၉.၂၀၁၉ ရက်နေ့မှ ၂၅.၉.၂၀၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။   ရတနာပြပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ပြပွဲဗဟိုကော်မတီအစည်းအဝေးကို ၃၀.၈.၂၀၁၉ ရက်နေ့ (၁၄:၀၀) နာရီတွင် နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမရှိ အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ နာယက၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ပြပွဲဗဟိုကော်မတီ ဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ ပြပွဲဗဟိုကော်မတီဝင်များဖြစ်ကြသည့် ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပြပွဲအထောက်အကူပြု လုပ်ငန်းကော် မတီအသီးသီးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ တာဝန် ရှိသူများ၊ ပြပွဲဗဟိုကော်မတီအတွင်းရေးမှူး မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းတို့ တက်ရောက်ခဲ့ကြပါသည်။   အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အစည်းအဝေးအစီအစဉ်အရ သက်ဆိုင်ရာလုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများက ပြပွဲ ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို အသေးစိတ် ရှင်းလင်းတင်ပြကြပြီး အစည်းအဝေး တက်ရောက်လာကြသူများက သက်ဆိုင်ရာလုပ်ငန်းများအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပါသည်။   လုပ်ငန်းကော်မတီအလိုက် ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက အသေးစိတ် ညှိနှိုင်းဖြည့်ဆည်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို (၁၅:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။   

Read More...