Language :
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီသတင်းကြေညာချက်၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၅)ရက်၂၀၂၄ ခုနှစ်၊ မတ်လ (၂၉)ရက်၁။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီသည် ၂၀၂၄ ခုနှစ် (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မေလ (၃)ရက်မှ (၁၂)ရက်အထိ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင်ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရတနာပြပွဲတွင် မြန်မာနိုင်ငံမှ ထွက်ရှိသော ပုလဲ၊ ကျောက်မျက်နှင့်ကျောက်စိမ်းအတွဲများကို တင်ပြရောင်းချသွားမည် ဖြစ်ပါသည်။၂။ ရတနာပြပွဲသို့ မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ ခွင့်ပြုမိန့်ရရှိခဲ့သည့် နိုင်ငံသားကျောက်မျက်ရတနာလုပ်ငန်းရှင်များ၊ လိုင်စင်ရယူ၍ ကျောက်မျက်ရတနာရောင်းဝယ်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားကျောက်မျက်ရတနာလုပ်ငန်းရှင်များကို သတ်မှတ်ချက်များနှင့်အညီတက်ရောက်ဝယ်ယူခွင့်ပြုမည်ဖြစ်ပါသည်။၃။ ၂၀၂၄ ခုနှစ် (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တက်ရောက်ဝယ်ယူခွင့်ကိစ္စများနှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုပါက မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းရုံးချုပ်၊နေပြည်တော်)၊ ... မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းရုံးချုပ်(နေပြည်တော်)တို့တွင် ဆက်သွယ်စုံစမ်းနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ
Read More...
၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။ ယနေ့ပြပွဲတွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အုပ်စု (C) မှ ကျောက်စိမ်းအသားကျောက်အတွဲ (၇၉၂) တွဲကို မြန်မာကျပ်ငွေဖြင့် ပြည်တွင်းရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း (၇၇၉) တွဲ ရောင်းချရကြောင်းကြေညာသည်။ ၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ၌ ပုလဲအတွဲ (၃၀၀) တွင် ပုလဲအတွဲ (၃၀၀) နှင့် ကျောက်မျက်အတွဲ (၁၆၀) အနက်မှ ကျောက်မျက်အတွဲ (၇၃) တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဈေးနှုန်းပိုမိုစွာဖြင့် ရောင်းချနိုင်ခဲ့သည်။ ထို့ပြင် ပြပွဲတွင် အုပ်စု (A) မှ ကျောက်စိမ်းအတွဲပေါင်း (၅၂၀) ၊ အုပ်စု (B) မှ ကျောက်စိမ်းအတွဲပေါင်း (၁၇၃၃) တွဲနှင့် အုပ်စု (C) မှ ကျောက်စိမ်းအတွဲပေါင်း (၁၇၉၂) တွဲ စုစုပေါင်းကျောက်စိမ်းအတွဲပေါင်း (၄၀၄၅) တွဲကို နေ့ရက်အလိုက် ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း (၃၇၀၄) တွဲ ရောင်းချနိုင်ခဲ့သည်။ ယခုကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော်အတွက်နိုင်ငံခြားဝင်ငွေရရှိရန်၊ နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှုများရရှိစေရန်နှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ၏စီစဉ်မှုဖြင့် အောက်တိုဘာ ၂၀ ရက်မှ ၂၈ ရက်အထိ မဏိရတနာကျောက်စိမ်းခန်းမ၌ အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သိရသည်။ Source : Myanmar Gems Enterprise
Read More...၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမနေ့ကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ယနေ့ နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း ရတနာကုန်သည်များက မဏိရတနာကျောက်စိမ်းခန်းမအပြင်ဘက် သတ်မှတ်နေရာများ အလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှု ကြသည်။ယနေ့ပြပွဲတွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အုပ်စု(C) မှ ကျောက်စိမ်းအသားကျောက် (၁၀၀၀)တွဲကို မြန်မာကျပ်ငွေဖြင့် ပြည်တွင်းရတနာကုန်သည် များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း (၉၉၉)တွဲ ရောင်းချရကြောင်းကြေညာသည်။ပြပွဲ နောက်ဆုံးနေ့တွင် ရောင်းချမည့် ကျောက်စိမ်းအသားကျောက် (၇၉၂)တွဲကို ပြည်တွင်း ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။ယင်း ကျောက်စိမ်းအတွဲပေါင်း (၇၉၂)တွဲ၏ ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိ သူများက မွန်းလွဲ ၃ နာရီတွင် ပိတ်သိမ်းပြီး တင်ဒါပုံးများကို ဖွင့်ဖောက်စစ်ဆေးကာ အောက်တိုဘာ ၂၈ ရက် နံနက် ၈ နာရီတွင် ရောင်းချရသည့် ကျောက်စိမ်းအတွဲများအား ကြေညာသွားမည် ဖြစ်သည်။၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပုလဲအတွဲ(၃၀၀)နှင့် ကျောက်မျက်အတွဲ ( ၇၃ )တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဈေးနှုန်းပိုမိုစွာဖြင့် ရောင်းချနိုင်ခဲ့သည်။ ထို့ပြင် ပြပွဲတွင်ကျောက်စိမ်းအတွဲပေါင်း (၄၀၄၅) တွဲကို နေ့ရက်အလိုက် ပြည်တွင်း ပြည်ပရတနာ ကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ပြပွဲပဉ္စမနေ့တွင် ကျောက်စိမ်း အတွဲပေါင်း (၇၅၀) အနက် ကျောက်စိမ်းအတွဲ(၇၀၂)တွဲကို လည်းကောင်း၊ ပြပွဲ ဆဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၇၅၀)အနက် ကျောက်စိမ်းအတွဲ (၆၀၁)တွဲကိုလည်းကောင်း၊ ပြပွဲ သတ္တမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း(၇၅၃) အနက် ကျောက်စိမ်းအတွဲပေါင်း( ၆၂၃ )တွဲနှင့် ပြပွဲ အဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း(၁၀၀၀) အနက် ကျောက်စိမ်းအတွဲပေါင်း(၉၉၉)တွဲကို ရောင်းချပေးနိုင်ခဲ့ပြီး ကျန်ရှိနေသည့် ကျောက်စိမ်းအတွဲပေါင်း (၇၉၂)တွဲကို ပြပွဲနောက်ဆုံးနေ့ဖြစ်သည့် အောက်တိုဘာ ၂၈ ရက်တွင် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။Source : Myanmar Gems Enterprise
Read More...
၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအပြင်ဘက် သတ်မှတ် နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုကြသည်။ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲ (၇၅၃)တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များ အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း(၆၂၃)တွဲ ရောင်းချ ရကြောင်း ထုတ်ပြန်ကြေညာသည်။ပြပွဲအဋ္ဌမနေ့တွင် ရောင်းချမည့် ကျောက်စိမ်းအတွဲပေါင်း (၁၀၀၀)တွဲကို ပြည်တွင်း ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို သတ်မှတ် တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။ယင်း ကျောက်စိမ်းအတွဲပေါင်း (၁၀၀၀)တွဲ၏ ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူ များက မွန်းလွဲ ၃ နာရီတွင် ပိတ်သိမ်းပြီး တင်ဒါပုံးများကို ဖွင့်ဖောက်စစ်ဆေးကာ အောက်တိုဘာ ၂၇ ရက် နံနက် ၈ နာရီတွင် ရောင်းချရသည့် ကျောက်စိမ်းအတွဲများအား ကြေညာသွားမည် ဖြစ်သည်။ ၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပုလဲအတွဲ(၃၀၀)နှင့် ကျောက်မျက်အတွဲ (၇၃)တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဈေးနှုန်း ပိုမိုစွာဖြင့် ရောင်းချနိုင်ခဲ့သည်။ထို့ပြင် ပြပွဲတွင်ကျောက်စိမ်းအတွဲပေါင်း (၄၀၄၅) တွဲကို နေ့ရက်အလိုက် ပြည်တွင်း ပြည်ပရတနာ ကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ပြပွဲပဉ္စမနေ့တွင် ကျောက်စိမ်း အတွဲပေါင်း (၇၅၀) အနက် ကျောက်စိမ်းအတွဲ(၇၀၂)တွဲကို လည်းကောင်း၊ ပြပွဲဆဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၇၅၀)အနက် ကျောက်စိမ်းအတွဲ (၆၀၁)တွဲကိုလည်းကောင်း၊ ပြပွဲ သတ္တမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၇၅၃)တွဲအနက် ကျောက်စိမ်းအတွဲ(၆၂၃)တွဲကိုလည်းကောင်း ရောင်းချပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် ကျောက်စိမ်းအတွဲ (၁၇၉၂)တွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ အောက်တိုဘာ ၂၈ ရက် အထိ ပြည်တွင်းရတနာ ကုန်သည်များအား ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။Source : Myanmar Gems Enterprise
Read More...
၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်း ခန်းမ အတွင်းဘက်နှင့် အပြင်ဘက်တို့တွင် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက် လေ့လာကြည့်ရှုကြသည်။ပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၄၀၄၅ တွဲကို နေ့ရက်အလိုက် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခြင်းဖြစ်ပြီး ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲ ၇၅၀ ကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များ အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲ ၆၀၁ တွဲ ရောင်းချရကြောင်း ကြေညာသည်။ပြပွဲ သတ္တမနေ့တွင် ရောင်းချမည့် ကျောက်စိမ်းအတွဲပေါင်း ၇၅၃ တွဲကို ပြည်တွင်း၊ ပြည်ပ ရတနာ ကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်း ကြသည်။ကျောက်စိမ်းအတွဲပေါင်း ၇၅၃ ၏ ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက မွန်းလွဲ ၃ နာရီတွင် ပိတ်သိမ်းပြီး တင်ဒါပုံးများကို ဖွင့်ဖောက်စစ်ဆေးကာ ရောင်းချရသည့် ကျောက်စိမ်းအတွဲ များ အောက်တိုဘာလ ၂၆ ရက် နံနက် ၈ နာရီတွင် ရောင်းချရသည့် ကျောက်စိမ်း အတွဲများအား ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။ပြပွဲတွင် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် တင်ပြရောင်းချ သည့် ပုလဲအတွဲပေါင်း ၃၀၀ ကို အောက်တိုဘာလ ၂၁ ရက်မှ ၂၂ ရက်အထိ ရောင်းချပေးခဲ့ရာ ပုလဲ အတွဲပေါင်း ၃၀၀ ရောင်းချပေးနိုင်ခဲ့ပြီး ကျောက်မျက်အတွဲပေါင်း ၁၆၀ အနက် ၇၃ တွဲကို ရောင်းချ နိုင်ခဲ့ကာ ပြပွဲ ပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၇၅၀ အနက် ၇၀၂ တွဲကို ရောင်းချနိုင်ခဲ့သည်။ထို့ပြင် ကျန်ရှိနေသည့် ကျောက်စိမ်းတွဲများကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ အောက်တိုဘာလ ၂၈ ရက်နေ့ထိ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဆက်လက် ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။Source : Myanmar Gems Enterprise
Read More...
၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့ကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်း ခန်းမရှိ သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက် လေ့လာကြည့်ရှုကြသည်။ပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၄၀၄၅ တွဲကို နေ့ရက်အလိုက် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခြင်းဖြစ်ပြီး ယနေ့တွင် ကျောက်စိမ်းအတွဲ ၇၅၀ ကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များ အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲ ၇၀၂ တွဲ ရောင်းချရကြောင်း ကြေညာသည်။ပြပွဲ ဆဋ္ဌမနေ့တွင် ရောင်းချမည့် ကျောက်စိမ်းအတွဲပေါင်း ၇၅၀ ကို ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များကကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကိုတင်ဒါပုံးများအတွင်းသို့ ထည့်သွင်း ကြသည်။ကျောက်စိမ်းအတွဲပေါင်း ၇၅၀ အတွက် ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက မွန်းလွဲ ၃ နာရီတွင် ပိတ်သိမ်းပြီး တင်ဒါပုံးများကို ဖွင့်ဖောက်စစ်ဆေးကာ ရောင်းချရသည့် ကျောက်စိမ်းအတွဲ များ အောက်တိုဘာလ ၂၅ ရက် နံနက် ၈ နာရီတွင် ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။ထို့ပြင် ကျန်ရှိနေသည့် ကျောက်စိမ်းတွဲများကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ အောက်တိုဘာလ ၂၈ ရက်နေ့ထိ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။Source : Myanmar Gems Enterprise
Read More...၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲစတုတ္ထနေ့ကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများ၊ ကျောက်မျက် အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။ယနေ့ပြပွဲတွင် ကျောက်မျက်အတွဲ (၁၆၀) ကို ပြည်တွင်း၊ ပြည်ပ ရတနာ ကုန်သည် များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်မျက်အတွဲ (၇၃)တွဲ ရောင်းချ ရကြောင်းကြေညာသည်။ပြပွဲ ပဉ္စမနေ့တွင် ရောင်းချမည့် ကျောက်စိမ်းအတွဲပေါင်း (၇၅၀) ကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်း တင်သွင်းလွှာများကို တင်ဒါပုံး အတွင်းသို့ ထည့်သွင်းကြသည်။ကျောက်စိမ်းအတွဲပေါင်းအတွက် (၇၅၀) ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများ က မွန်းလွဲ ၃ နာရီတွင် ပိတ်သိမ်းပြီး တင်ဒါပုံးများကို ဖွင့်ဖောက်စစ်ဆေးကာ ရောင်းချရသည့် ကျောက်စိမ်းအတွဲများအား အောက်တိုဘာ ၂၄ ရက် နံနက် ၈ နာရီတွင် ကြေညာသွားမည် ဖြစ်ကြောင်းသိရသည်။ပြပွဲတွင် ပြည်တွင်းပြည်ပ ရတနာ ကုန်သည်များအား ပုလဲ အတွဲပေါင်း (၃၀၀) ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် အောက်တိုဘာ ၂၁ ရက်မှ ၂၂ ရက်အထိ ရောင်းချပေးခဲ့ရာ ပုလဲ အတွဲ ပေါင်း (၃၀၀) ရောင်းချပေးနိုင်ခဲ့သည်။ ထို့ပြင် မဏိရတနာ ကျောက်စိမ်းခန်းမ အတွင်း၌ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အရောင်းဆိုင်များကိုလည်း ဖွင့်လှစ်ထားရှိရာ လာရောက်လေ့လာဝယ်ယူသူများဖြင့် စည်ကား လျက်ရှိသည်။ ယခုကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေး အကျိုး ဖြစ်ထွန်းမှုများ ရရှိစေရန်အတွက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီ၏ စီစဉ်မှုဖြင့် အောက်တိုဘာ ၂၀ ရက်မှ ၂၈ ရက်ထိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပနေခြင်းဖြစ်သည်။Source : Myanmar Gems Enterprise
Read More...
၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ နာယက၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် ပြပွဲကျင်းပရာ မဏိရတနာ ကျောက်စိမ်းခန်းမသို့ ရောက်ရှိပြီး ပုလဲအတွဲများ တင်ဒါဖွင့်ဖောက်စစ်ဆေးနေမှု၊ မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ပြသထားသည့် ပုလဲ အတွဲများ၊ ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အရောင်းဆိုင်များကို လိုက်လံကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များအား မှာကြားသည်။ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်း ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။ ယနေ့ပြပွဲတွင်ရောင်းချမည့် ပုလဲအတွဲအမှတ် ၁၅၁ မှ အတွဲအမှတ် ၃၀၀ အထိ ပုလဲအတွဲများကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။ ထို့နောက် ပြပွဲတွင် ရောင်းချသည့် ပုလဲအတွဲပေါင်း ၃၀၀ အနက်မှ ပုလဲအတွဲအမှတ် ၁၅၁ မှ အတွဲအမှတ် ၂၂၅ အထိ တင်သွင်းထားသော တင်ဒါအမှတ် (၃) ကို မွန်းလွဲ ၁ နာရီတွင်လည်းကောင်း၊ ပုလဲအတွဲအမှတ် ၂၂၆ မှ အတွဲအမှတ် ၃၀၀ အထိ တင်သွင်းထားသော တင်ဒါအမှတ် (၄) ကို ညနေ ၅ နာရီတွင် လည်းကောင်း တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးပြီး ပုလဲအတွဲပေါင်း ( ၁၅၀ )တွဲ ရောင်းချ ရကြောင်း ကြေညာသည်။ ပြပွဲတွင် ပုလဲအတွဲပေါင်း ၃၀၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ပုလဲအတွဲပေါင်း ၃၀၀ ရောင်းချခဲ့ရာကြောင်း ပြပွဲ စတုတ္ထနေ့တွင် ကျောက်မျက်အတွဲ ၁၆၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ Source : Myanmar Gems Enterprise
Read More...
၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်း ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲ များနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲ များကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။ယနေ့ပြပွဲတွင်ရောင်းချမည့် ပုလဲအတွဲအမှတ် ၁ မှ အတွဲအမှတ် ၁၅၀ အထိ ပုလဲအတွဲများကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။ထို့နောက် ပြပွဲတွင် ရောင်းချသည့် ပုလဲအတွဲပေါင်း ၃၀၀ အနက်မှ ပုလဲအတွဲအမှတ် ၁ မှ အတွဲအမှတ် ၁၅၀ အထိ တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများအနက် တင်ဒါအမှတ် (၁) ကို မွန်းလွဲ ၁ နာရီတွင်လည်းကောင်း၊ တင်ဒါအမှတ် (၂) ကို ညနေ ၅ နာရီတွင် လည်းကောင်း တာဝန်ရှိ သူများက ဖွင့်ဖောက်စစ်ဆေးပြီး ပုလဲအတွဲပေါင်း ( ၁၅၀ )တွဲ ရောင်းချရကြောင်း ကြေညာသည်။ပြပွဲတတိယနေ့တွင် ပုလဲအတွဲပေါင်း ၃၀၀ အနက်မှ ကျန်ရှိသည့် ပုလဲအတွဲအမှတ် ၁၅၁ မှ အတွဲအမှတ် ၃၀၀ အထိကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ နာယက၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ပြပွဲကျင်းပရာ မဏိရတနာ ကျောက်စိမ်းခန်းမသို့ ယနေ့နံနက်ပိုင်းတွင် ရောက်ရှိပြီး ပုလဲအတွဲများ တင်ဒါဖွင့်ဖောက်စစ်ဆေးနေမှု၊ မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ပြသထားသည့် ပုလဲ အတွဲများ၊ ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အရောင်းဆိုင်များကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များအား တာဝန်ရှိသူများအား မှာကြားသည်။ ယခုကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ အောက်တိုဘာလ ၂၀ ရက်နေ့မှစတင်၍ ၂၈ ရက်နေ့ အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲ ၃၀၀ တွဲ၊ ကျောက်မျက်အတွဲ ၁၆၀၊ (A)အုပ်စုမှ ကျောက်စိမ်းအတွဲ ၅၂၀၊ (B) အုပ်စုမှ ကျောက်စိမ်းအတွဲ ၁၇၃၃ နှင့် (C)အုပ်စုမှ ကျောက်စိမ်းအတွဲ ၁၇၉၂ စုစုပေါင်း ကျောက်စိမ်း အတွဲ ၄၀၄၅ တို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို ရောင်းချပေး သွားမည်ဖြစ်သည်။ ထို့ပြင် ယခု ကျင်းပပြုလုပ်လျက်ရှိသည့် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ ပြည်ပနိုင်ငံ(၄)နိုင်ငံမှ ရတနာကုန်သည်များ ပိုမိုတက်ရောက်ခဲ့ပြီး ယခင်ကျင်းပပြီး ပြပွဲများထက် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက တက်ရောက်ယှဉ်ပြိုင်ဝယ်ယူမှု များပြားသဖြင့် ပုလဲ အတွဲများကို ဈေးနှုန်းပိုမိုစွာ ရောင်းချရရှိခဲ့ကြောင်း သတင်းရရှိပါသည်။Source : Myanmar Gems Enterprise
Read More...